လူသတ်မှုနှင့် အကြမ်းဖက်မှုများအပါအဝင် ပြစ်မှုမျိုးစုံကို ကျူးလွန်ထားတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ အကြမ်းဖက်ခေါင်းဆောင် ဝေမိုးနိုင်ကို မေလ ၁၀ ရက်နေ့မှာ မုံရွာထောင်တွင်း တရားရုံးကနေ နောက်ထပ် ထောင်ဒဏ် နှစ် ၂၀ ထပ်မံအမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ယခုချမှတ်လိုက်တဲ့ ပြစ်မှုတွေက ရာဇသတ်ကြီး ဥပဒေပုဒ်မတွေဖြစ်တဲ့ လူသတ်မှု- ပုဒ်မ ၃၀၂၊ လူသတ်ရန် ရည်ရွယ်ကာ သွေးဆောင်ခေါ်ယူမှု ပုဒ်မ ၃၆၄၊ စစ်တပ် ကြည်း၊ ရေ၊ လေ အရာရှိတစ်ဦးဦးကို ပုန်ကန်မှု ပုဒ်မ ၅၀၅(က) စတဲ့ပုဒ်မ ၃ ခုအတွက် စုစုပေါင်းထောင်ဒဏ် ၄၂ နှစ် ချမှတ်ခဲ့တာဖြစ်ပေမယ့် တရားသူကြီးက တစ်ပေါင်းတည်း ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာကြောင့် နှစ် ၂၀ သာ ဖြစ်သွားခဲ့တာပါ။
အဲဒီပြစ်မှုတွေထဲမှာ သူနဲ့အတူ ကျော်စွာဝင်း (ခ) တရုတ်ကြီး၊ သန်းနိုင်မင်း၊ ကျော်ဆွေဝင်း၊ ရဲမင်းသူနဲ့ ကျော်နိုင်ထွန်းတို့လည်းပါဝင်တယ်လို့ သိရပြီး ဝေမိုးနိုင်ကတော့ ယခင်က ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အမှု ၆ မှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ – ၁၂၂ အမှုအပါအဝင် အခြားအမှုတချို့အတွက် ထောင် ၅၄ နှစ် ကျခံနေရတာဖြစ်လို့ ယခုပြစ်ဒဏ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၇၄ နှစ်ရှိပြီလို့ သိရပါတယ်။
အကြမ်းဖက်သမားတွေရဲ့နိဂုံးကတော့ မြင်တဲ့အတိုင်းပဲနော်.။ #Crd