AA အကြမ်းဖက်ကြောင့် ထွက်ပြေးနေရတဲ့ ပြည်သူတွေကို အစိုးရက ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့

AA အကြမ်းဖက်သူပုန်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းက ဒေသခံပြည်သူတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဒီကနေ့ မေလ ၁၁ ရက်၊ မနက်ပိုင်းက ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီပြည်သူတွေက အမ်းမြို့နယ်၊ လုံးကျေးရွာ၊ ခရမ်းကျွမ်းကျေးရွာ၊ ချင်းကုန်းကျေးရွာတွေကဖြစ်ကြတယ်လို့ သိရပြီး လက်ရှိမှာ အဆိုပါကျေးရွာတွေမှာရှိတဲ့ အိမ်ထောင်စု (၅၆)စု၊ လူဦးရေ (၁၉၂) ဦးတို့ဟာ အမ်းမြို့၊ ဈေးရပ်ကွက် ဓာတ်ပေါင်းစုမြတ်စွယ်တော်ဓမ္မာရုံမှာ ယာယီခိုလှုံနေကြတာလို့ဆိုပါတယ်။

အဆိုပါ ယာယီခိုလုံနေတဲ့ AA ဘေးရှောင် နေရပ်စွန့်ခွာလာသူတွေရဲ့ လတ်တလော စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် လူတစ်ဦးကို (၉၀၀၀) ကျပ်နှုန်းနဲ့ ဆန်ရိက္ခာ (၁) လစာဖိုးငွေ (၁,၇၂၈,၀၀၀) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နဲ့ မြို့နယ်ဘေးအန္တရာယ်စီမံခန်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေထားဇော်တို့က ယာယီနေရပ်စွန့်ခွာသူတွေရဲ့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။

crd//