ဧပြီလ ၂၈ ရက်နေ့ နံနက် (၀၆၅၀) အချိန် လှိုင်မြိုနယ်၊ (၁၂)ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်း DHL အမြန်ချောပို့ လုပ်ငန်းရှေ့တွင် မသင်္ကာဖွယ်တွေ့ရှိကြောင်းသတင်းအရ သွားရောက်စိစစ်ခဲ့ရာ DHL အမြန်ချောပို့လုပ်ငန်း မျက်စောင်းထိုး ရန်ကုန်-အင်းစိန်လမ်း ပလက်ဖောင်းရေနှုတ်မြောင်းအဝတွင် လက်လုပ်ယမ်းများပါ Andaman Gold ဘီယာဘူး(၂)ခု၊ 9 Volt ဓာတ်ခဲ(၄)လုံး၊ ဆားကစ်ပြား(၂)ခုတို့အား ဝါယာကြိုးဖြင့်ချိတ်ဆက်လျက် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး(၂)လုံးအား တွေ့ရှိခဲ့သဖြင့် အတားအဆီးများပြုလုပ်ကာ ၀၈၀၅ အချိန် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ လူ/ပစ္စည်းထိခိုက်မှုမရှိကြောင်း သိရှိရပါတယ်။ #Crd
Related Posts
ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာတွင် PDFများ အားပေးသူ ၂ ဦးအား ဖမ်းဆီးရမိ
- ရှင်ယွန်း
- March 22, 2023
မတ်လ ၂၁ ရက်က နေ့လည် ၂ နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာတွင် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် PDFများအား အားပေးထောက်ခံကြောင်းနှင့် မဟုတ်မမှန်သတင်းများအား ရေးသားဖြန့်ဝေလျက်ရှိကြောင်းကို တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ […]
လွိုင်လင်လေးမြို့နယ်တွင် လက်နက်ကြီးကျည် ထိမှန်ပြီး ကလေးငယ် နှစ်ဦးဒဏ်ရာရ
- အေးခင်
- May 29, 2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိင်လင်လေးမြို့နယ်၊ ကုန်းမှီရွာတွင် မေလ ၂၈ ရက် ၂၀၀၀ နာရီခန့်တွင် မိသားစု ၄ ဦး နေအိမ်အတွင်းရှိနေစဉ် အကြမ်းဖက် PDF တို့ပစ်ခတ်သောလက်နက်ကြီး […]
NUG/CRPHနှင့် PDF အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်
- ရှင်ယွန်း
- December 13, 2022
ဒီဇင်ဘာ ၁၂ရက်က မန္တလေးတိုင်း၊ မတ္တရာမြိုနယ်၊ ကြားကျေးရွာ၌ မတ္တရာမြိုနယ်အတွင်းရှိ အပြစ်မဲ့သံဃာတော်များနှင့်ပြည်သူများအားအကြမ်းဖက်သတ်ဖြတ်ခြင်း၊စာသင်ကျောင်းများအားမိုင်းခွဲခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ပြုလုပ်သည့်NUG/CRPHနှင့် လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ရှုချကြောင်း ဒေသခံပြည်သူများမှဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သတင်းရရှိပါတယ်။