အမေရိကန်နှင့်အီရန်တို့ကြား မကြာမီလက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာတွင် အီရန်နိုင်ငံ၏နျူကလီးယား လုပ်ငန်းများမှသည် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးရေးအထိ ပါဝင်ကြောင်းနှင့် အမေရိကန်က အီရန်နိုင်ငံ၏ရေနံအပေါ် ပိတ်ဆို့ထားမှုကို ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း အီရန်ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုနှစ်နိုင်ငံအကြား နောက်ဆုံးအတည်ပြုထားသည့် နားလည်မှုစာချွန်လွှာတွင် အီရန်အနေဖြင့် ကုန်သွယ်သင်္ဘောများအားလုံးအတွက် ဟော်မုရေလက်ကြားကိုပြန်ဖွင့်ပေးရန်၊ အမေရိကန်ဘက်က အီရန်၏ ဆိပ်ကမ်းများအပေါ်ပိတ်ဆို့ထားမှုကိုပြန်ရုပ်သိမ်းရန်၊ ထိုသို့ပြန်ရုပ်သိမ်းမှုကို နားလည်မှုစာချွန်လွှာလက်မှတ်ထိုးပြီး ရက်ပေါင်း ၃၀ အတွင်းအပြီးလုပ်ဆောင်ရန်တို့ပါဝင်သည်။ အလားတူ နောက်ဆုံးသဘောတူညီချက်မရသေးမီအထိ…