မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ အင်းကျေးရွာရှိ ကျောင်းဆောင်အတွင်း KIA /AA/PDFအဖွဲ့များပါဝင်သော အကြမ်းဖက်အဖွဲ့အစည်းဝေးလုပ်နေကြောင်း မြေပြင်ပြည်သူများက လျှို့ဝှက်သတင်းပေးချက်အရ ၎င်းအကြမ်းဖက်အစည်းအဝေးကို လေကြောင်းပစ်မှတ်ရယူကာ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုတွင် KIA/AA/PDF အကြမ်းဖက်အဖွဲ့ဝင် ၅၀ ဦးသေဆုံးပြီး ဒဏ်ရာရအကြမ်းဖက် အများအပြားရရှိကြောင်း မြေပြင်ပြည်သူများထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းလှုပ်ရှာမှုများကို မြေပြင်သတင်းရယူကာ တပ်ရင်းတပ်ဖွဲ့များက ရှင်းလင်းချေမှုန်းနေကြောင်း သိရသလို ၁၈ နေ့ ည သန်းခေါင်ကျော် အချိန်ခန့်တွင် ကနီမြို့နယ်အတွင်း သယ်ယူလာသော အကြမ်းဖက်အဖွဲ့၏ လက်ခဲယမ်းယဉ်တန်း ၄ စီးကို လေကြောင်းပစ်မှတ်ရယူကာ ရှင်းလင်းခဲ့ကြောင်း သိရသည်။
PAN