ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ကျော်မိုးထွန်း၏ တရားမဝင်လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်

Unconscious and intubated Covid-19 patients are treated in Vila Penteado Hospital's ICU, in the Brasilandia neighborhood of Sao Paulo, on June 21, 2020. According ta a study published in June 21st, Brazil's public hospitals, like Vila Penteado, had almost 40% death rates from the new coronavirus, the double from private hospitals. Brasilandia is one of the neighborhhods in Sao Paulo with highest number of deaths from Covid-19 (Photo by Gustavo Basso/NurPhoto via Getty Images)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အနေဖြင့် သမ္မတတာဝန်ထမ်းဆောင်ချိန်မှစ၍ ပြည်ပနိုင်ငံတို့သို့(State Visit)(Official Visit)ပြည်ပခရီးစဉ်များကိုအဆက်မပြတ်သွားရောက်လျက်ရှိသည်။          

ကျော်မိုးထွန်းသည် နိုင်ငံတော်မှပေးအပ်သောအမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ သံတမန်ကျင့်ဝတ်ပျက်ယွင်းစွာ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ တရားမဝင်အဖွဲ့အစည်းများအား သစ္စာခံကိုယ်စားပြုလှုပ်ရှားခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ ၎င်းအားနိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် (Dismissal)  ခဲ့ပြီးဖြစ်သည်။ 

ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီးဖြစ်သော်လည်း ကျော်မိုးထွန်းသည် နယူးယောက်မြို့ရှိ နိုင်ငံတော်ပိုင်အဖွဲ့ရုံးရှိ ရုံးခန်းနေရာ၊ ရုံးအကြီးအကဲ နေအိမ်နှင့် နိုင်ငံတော်ပိုင်မော်တော်ယာဉ်စသည့် နိုင်ငံတော်ပိုင်ပစ္စည်းများ ကို ဆက်လက်အသုံးပြုလျက်ရှိကြောင်း တွေ့ရှိရသည်။ 

ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နယူးယောက်မြို့၊ Bank of America ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ ဘဏ်ငွေစာရင်းတွင် နိုင်ငံပိုင်ဘဏ္ဍာငွေမှာ အမေရိကန် ဒေါ်လာ ၂.၇၆ သန်းနှင့် ယူရို ၃၈၂၃၃.၆၂ ကျန်ရှိကြောင်း သိရှိရသည်။ အဆိုပါ လက်ကျန်ဘဏ္ဍာငွေများကို နိုင်ငံတော်၏ခွင့်ပြုချက်မရရှိဘဲ ထုတ်ယူသုံးစွဲခြင်း၊ ၎င်း၏ ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သို့ပါ၍ ကျော်မိုးထွန်းအနေဖြင့် ဘဏ်တွင်ရှိသော နိုင်ငံပိုင်ဘဏ္ဍာငွေများကို မည်သည့်ခေါင်းစဉ်များဖြင့် သုံးစွဲထားသည်ကို အထောက်အထားများနှင့်တကွ ရှင်းလင်းရန် လိုအပ်မည်ဖြစ်သည်။ 

ထို့ပြင် ကျော်မိုးထွန်းသည် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG နှင့် CRPH အဖွဲ့တို့နှင့်  တိုက်ရိုက်ဆက်သွယ် ကာ ၎င်းတို့၏သစ္စာခံကိုယ်စားလှယ်အဖြစ် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ ကုလသမဂ္ဂစင်မြင့်ကို အလွဲသုံးစားပြုကာ အွန်လိုင်းပေါ်တွင် ပုံရိပ်ယောင်တရားဝင်မှုပြသပြီး NUG အတွက် အလှူငွေကောက်ခံရန်  ဝါဒဖြန့်လက်နက်တစ်ခုအဖြစ် လုပ်ဆောင်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်း အပြစ်မဲ့ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် တရားမဝင်အကြမ်းဖက်လှုပ်ရှားမှုများ နိုင်ငံတကာစင်မြင့်၌ ဖုံးကွယ်ကာကွယ်ပေးခြင်း၊ လှုံ့ဆော်အားပေးခြင်းတို့ဖြင့် အကြမ်းဖက်လုပ်ရပ်များတွင် တိုက်ရိုက်ကြံရာပါအဖြစ် ဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိသည်။ 

အထက်ဖော်ပြပါ လုပ်ရပ်များနှင့်ပတ်သက်၍ ကျော်မိုးထွန်းအား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုအတွက် ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၂) ဖြင့် ဒက္ခိဏခရိုင်တရားရုံးတွင် ရာဇဝတ်မှုအမှတ် (၃၂/၂၀၂၁) ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဝရမ်းထုတ်ဆင့်ထားရှိပြီးဖြစ်သည်။ ထို့ပြင် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ  ၆(၁) နှင့် ရာဇသတ်ကြီးပုဒ်မ  ၁၂၄-က တို့အရ အရေးယူဆောင်ရွက်ထားရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့အရ ထပ်မံတရားစွဲဆိုပြီးဖြစ်သည်။ 

လက်ရှိတွင် ကျော်မိုးထွန်းအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ တို့အရ တရားခံပြေးအဖြစ်ကြေညာ၍ တရားရုံးအမိန့်များ ထုတ်ဆင့် ထားရှိပြီး INTERPOL နှင့် United States National Central Bureau (USNCB) တို့မှတစ်ဆင့် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးနှင့်ပူးပေါင်းကာ     အမေရိကန်ရဲတပ်ဖွဲ့နှင့်ချိတ်ဆက်အရေးယူနိုင်ရေး သံတမန်လမ်းကြောင်းမှ ဆက်လက်ဆောင်ရွက်ရန်ရှိသည်။

သို့ဖြစ်ပါ၍ ကျော်မိုးထွန်း၏ နိုင်ငံပိုင်ဘဏ္ဍာငွေနှင့် ပစ္စည်းများအား အလွဲသုံးစားပြုလုပ်မှု၊  တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်မှုနှင့် နိုင်ငံတော်ကိုယ်စားပြုခွင့်မရှိဘဲ ကုလသမဂ္ဂမျက်နှာစာ အားအသုံးပြု၍ လှုပ်ရှားဆောင်ရွက်နေမှုများကြောင့် ၎င်း၏ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးစားမှု (Credibility)နှင့်ကိုယ်စားပြုခွင့်အပေါ် မေးခွန်းထုတ်စရာဖြစ်ပေါ်လျက်ရှိသည်။ ကျော်မိုးထွန်းသည် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ကိုယ်စားပြုမှု ဆက်လက်ရရှိနေခြင်းမှာ တရားဝင်အသိအမှတ်ပြုခံရခြင်း မဟုတ်ဘဲ ခန့်အပ်လွှာစိစစ်ရေးကော်မတီ (Credentials Committee) ၏ ဆုံးဖြတ်ချက်ကို နှစ်စဉ်ဆိုင်းငံ့ထားခြင်း (Deferral) အပေါ် အခြေခံသည့် ယာယီအခြေအနေသာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျော်မိုးထွန်းအား မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှု/တရားဝင်ကိုယ်စားလှယ်အဖြစ် ပယ်ဖျက် ရုပ်သိမ်းထားပြီးဖြစ်ပါကြောင်းနှင့် ၎င်း၏တရားမဝင်ထုတ်ပြန်ချက်များ၊ လှုံ့ဆော်မှုများသည် မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံး၏သဘောထားမဟုတ်ကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် သံတမန်ဆက်ဆံရေးရှိသော အစိုးရများအားလုံးထံ လေးနက်စွာ အသိပေးထုတ်ပြန်အပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *