ပအိုဝ်းဒေသကို အတင်းအဓမ္မ ဖျက်ဆီးနေသော KNDF/PDF/PNLA အကြမ်းဖက်အဖွဲ့များ၏ ရန်ကို ကာကွယ်ရန်အတွက် ပအိုဝ်း အထူးဒေသ(၆) PNO/PNA အဖွဲ့အား တပ်မတော်မှ လက်နက်/ခဲယမ်းအများအပြားကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ပင်လောင်းမြိုနယ်၊ နန်နိမ့်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံ ပအိုဝ်းရွာသား ၂၂ ဦးထက်မနည်း KNDF အကြမ်းဖက်အဖွဲများက သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပအိုဝ်းနယ်မြေအတွင်းမှ KNDF အကြမ်းဖက်အဖွဲ ထွက်ခွါသွားရန်၊ ပအိုဝ်းဒေသအတွင်း စစ်မီးမမွှေးရန်နှင့် ပအိုဝ်းဒေသခံပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့မှုကို တန်ပြန်တိုက်ထုတ်ရန်အတွက် ဆန္ဒထုတ်ဖော်ခြင်းများကို ဆောင်ရွက်ခဲ့ကြရာ ယနေ့မှာတော့ PNO ပအိုဝ်းတိုင်းရင်းသားများမှ အကြမ်းဖက်များကို တပ်မတော်နှင့် ပူးပေါင်းတိုက်ထုတ်သွားမည်ဖြစ်တာကြောင့် PNO ပြည်သူ့စစ်များအား တပ်မတော်မှ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။





