ဗုံးပစ်လောင်ချာတပ်ဆင်ထားတဲ့ drone ကို တူရကီကုမ္ပဏီ စမ်းသပ်ပျံသန်းပစ်ခတ်

တူရကီနိုင်ငံ Asisguard ကုမ္ပဏီက ဗုံးပစ်လောင်ချာတပ်ဆင်ထားတဲ့ ဒရုန်းတစ်စင်းကို စမ်းသပ်ပျံသန်းပြီး ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

RDS40-MGL ခေါ် ဆုံလည်ပြောင်းရှစ်ခုပါ ဗုံးပစ်လောင်ချာတပ်ဆင်ထားတဲ့ Songar ဒရုန်းဟာ စမ်းသပ်ပျံသန်း နေစဉ်အတွင်းမှာ ဗုံးပစ်လောင်ချာတွေကို ပစ်ခတ်နိုင်ကြောင်း၊ အလေးချိန် ၅.၄ ကီလိုဂရမ် (၁၂ ပေါင်) ရှိတဲ့ ၄၀ မမ ဗုံးပစ်လောင်ချာဟာ ပုံစံတူလက်နက်စနစ်တွေထက် ၁.၅ ကီလိုဂရမ် (၃.၃၀ ပေါင်) ပိုမိုပေ့ါပါးတယ်လို သိရပါတယ်။ ဗုံးပစ်လောင်ချာဟာ ၄၀ x ၄၆ မမ ဗုံးသီးနဲ့ မီတာ ၄၀၀ (၁၃၁၂ ပေ) အထိ ပစ်ခတ်နိုင်ပြီး ၄၀ x ၅၃ ဗုံးသီးနဲ့ မီတာ ၈၀၀ (၂၆၂၄ ပေ) အထိ ပစ်ခတ်နိုင်ပါတယ်။

အဆိုပါ project ကို Asisguard ကုမ္ပဏီနဲ့ Repkon ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရပါတယ်။

#Crd