ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (က) ရပ်ကွက် တုသိတာလမ်းတွင် ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ ၂၉ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
မီးလောင်မှုကြောင့် အလျား ပေ ၂၀၊ အနံ ပေ ၆၀ ရှိ သွပ်မိုးပျဥ်ထောင်ပျဥ်ခင်းနေအိမ် ၁ လုံး၊ အလျား ပေ ၂၀၊ အနံ ပေ ၆၀ ရှိ အုတ်ညှပ် သွပ်မိုးပျဥ်ထောင်ပျဥ်ခင်း ၂ ထပ် နေအိမ် ၁ လုံး၊ အလျား ပေ ၂၀၊အနံ ပေ ၆၀ ရှိသွပ်မိုးပျဥ်ထောင်ပျဥ်ခင်း ၂ ထပ်နေအိမ် ၁ လုံး၊ အလျား ၁၀ ပေ၊ အနံ ပေ ၆၀ အုတ်ညှပ်၂ ထပ်အပေါ်ထပ်တို မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

