မွန်ပြည်နယ် မော်လမြိုင်မြို့၌ ပထမဆုံးအပန်းဖြေအပျော်စီးသင်္ဘောခရီးစဉ်ကို Harmony River Cruise သင်္ဘောက အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေ နေ့တိုင်း ပြေးဆွဲပေးနေကြောင်းသိရပြီး ခရီးစဉ်အနေဖြင့် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ထားဝယ်တံတားမှ စတင်ထွက်ခွာကာ သံလွင်မြစ်အတွင်း မောင်းနှင်သွားလာမည်ဖြစ်ပြီး လှပသည့်တောင်တန်း၊ စေတီပုထိုးများ၊ ယာခင်းတောများ၊ တစ်ပိုင်တစ်နိုင်ငါးဖမ်းလှေများ၊ နေဝင်ချိန်အလှအပများကို ခံစားနိုင်မည်ဖြစ်ကာ မောင်းနှင်ချိန်မှာ နှစ်နာရီခန့်ကြာမြင့်မည် ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ဘူဖေးပါဝင်မည်ဖြစ်ပြီး လက်မှတ်တစ်စောင်ကို လူကြီး ငွေကျပ် ၂၀၀၀၀ နှင့် ၁၀ နှစ်အောက်ကလေးငယ်များ ငွေကျပ် ၁၅၀၀၀ ကျသင့်မည်ဟု သိရကာ Unplugged အစီအစဉ်များလည်း ပါဝင်ကြောင်း သိရပါတယ်။
Related Posts
မင်္ဂလာနံနက်ခင်းပါ
- အေးခင်
- June 14, 2024
စင်္ကြာဝဠာအနန္တ၌ ရှိကြကုန်သော လူနတ်ဗြမ္ဟာ သတ္တဝါတို့ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ..မြန်မာနိုင်ငံကြီး အေးချမ်းသာယာပြီး အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာပါစေ..အားလုံး ကျန်းမာ ချမ်းသာကြပါစေ..ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုအချင်းချင်း စည်းလုံးညီညွတ်ပြီးထာဝရငြိမ်းချမ်းရေးရပါစေ သဘာဝဘေး ကပ်သုံးပါးဘေး […]
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အား ပင့်ဆောင်ပူဇော်
- ပုည
- February 12, 2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ […]
AA အကြမ်းဖက်ကြောင့် ထွက်ပြေးနေရတဲ့ ပြည်သူတွေကို အစိုးရက ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့
- admin
- May 11, 2024
AA အကြမ်းဖက်သူပုန်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းက ဒေသခံပြည်သူတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဒီကနေ့ မေလ ၁၁ ရက်၊ မနက်ပိုင်းက […]