နိုဝင်ဘာလ ၂၄ ရက်နေ့၌ ရေဦးမြို့နယ်၊ အောင်သာယာရွာတွင် လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့များက ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာတွင် ရွာသား ၂ ဦး သေဆုံး၊ အရပ်သား ၂ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာရကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်းမရှိကြောင်း၊ တိုက်ပွဲဖြစ်၍ ရွာသားများ ထွက်ပြေးကြရသဖြင့် PDF တွေက ရွာသားများအား အနိုင်ကျင့်ဖမ်းဆီးသွားခြင်းသာဖြစ်နိုင်ကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ PDF တွေရဲ့ မဆင်မခြင်ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား ၂ ဦးသေဆုံးတာကို Khit Thit မှ အမှန်မရေးဘဲ အများပြည်သူများအထင်အမြင်မှားအောင် တစ်ဖက်သတ်အမြတ်ထုတ်ကာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။
Related Posts
ကလေးမှာ ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်၄ ဦး သေဆုံးဆိုတဲ့သတင်းအမှား
- အေးခင်
- April 25, 2024
ဧပြီလ ၂၁ ရက်နေ့ ကလေးမြို့ အဖွဲ့စက်ဂိတ်စစ်ဆေးရေးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Mizzima မှ လူအထင်ကြီးအောင် […]
ခင်ဦးမြို့နယ်၊ ဝါးရုံကုန်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Khit Thit မှ သတင်းအတုရေး
- admin
- July 13, 2023
ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ခင်ဦးမြို့နယ်၊ ဝါးရုံကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၁၀ လုံး ကျော်ပြာကျခဲ့ကြောင်း Khit Thit မှ […]
စစ်ကိုင်းမှာတပ်မတော်စစ်ကြောင်း ဒရုန်းဖြင့် ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရဆိုတဲ့သတင်းအမှား
- အေးခင်
- September 9, 2023
စက်တင်ဘာလ ၄ ရက်နေ့ စစ်ကိုင်းမြို့နယ်တွင် တပ်မတော်စစ်ကြောင်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း Khit Thit […]