တရုတ်အရှေ့မြောက်ပိုင်းမှာ နှင်းမုန်တိုင်းကြောင့် ရာသီဥတုဆိုးရွားနေ

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ နိုဝင်ဘာ ၆ ရက်၊ ဒီကနေ့ ရာသီဥတုဆိုးရွာစွာ ဖောက်ပြန်ပြီး နှင်းမုန်တိုင်း ကျရောက်နေခဲ့ပါတယ်။

အဲဒီဒေသရဲ့ မြို့အများအပြားမှာ မိုးလေဝသဆိုင်ရာ သတိပေးချက်တွေ တိုးမြှင့်ထုတ်ပြန်ခဲ့ရပြီး လူအများအပြားကို အိမ်ထဲမှာပဲနေကြဖို့ နှိုးဆော်ခဲ့ပါတယ်။

ရာနဲ့ချီတဲ့လေယာဉ်ခရီးစဉ်တွေ ရွှေ့ဆိုင်းခဲ့ရသလို စာသင်ကျောင်းတွေ ပိတ်ထားဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။

တရုတ်စံတော်ချိန် ဒီကနေ့ မနက် ၁၀ နာရီခွဲက နိုင်ငံရဲ့မြောက်ဘက်အစွန်ဆုံးပြည်နယ်ဖြစ်တဲ့ Heilongjiang မြို့ရှိ Harbin Taiping နိုင်ငံတကာလေဆိပ်မှာ လေယာဉ်ခရီးစဉ် ၄၀၅ ခုကို ဖျက်သိမ်းခဲ့ရကြောင်း ခရီးသွားလုပ်ငန်းသုံး App တစ်ခုဖြစ်တဲ့ Flight Master မှ အချက်အလက်တွေအရ သိရပါတယ်။

အစောပိုင်းကတည်းက Heilongjiang မြို့အာဏာပိုင်တွေက အဆိုပါလေဆိပ်သို့ လေယာဉ်အဆင်းအတက် ပုံမှန်မရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။