အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာရှိ ရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ခန့် အနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်အမှန်မှာ *** အောက်တိုဘာလ ၁၉ ရက်မှာ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအနီး ရဲကင်းစခန်းရှိ ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်း မရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ အမှန်တကယ်ဖြစ်စဉ်မရှိဘဲ Khit Thit မှ အများအထင်မှားအောင် စိတ်ကူးယဉ်ပြီး လုပ်ဇာတ်ဆင်ကာရေးသားထားခြင်းသာဖြစ်ပါတယ်။