အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာ ၁၅ ရက်နေ့အထိ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာနှင့် တပ်မတော်အကြား တိုက်ပွဲပေါင်း ၃၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ပိုမိုများလာနေသည့်အနေအထားတွင် စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း Khit Thit မှ သတင်းမှား ရေးသားထားတာတွေ့ရှိခဲ့ပါသည်။
ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာ ၁၅ ရက်နေ့အထိ KNLA တပ်မဟာ(၅)နှင့် စကစတပ်များအကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးပို့ချက်အရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ တိုက်ပွဲ ၃ ကြိမ်ဖြစ်တာကို ၃၈ ကြိမ်အဖြစ်ပြကာ တပ်မတော်က ၁၃ ဦးသေပြီး ၂၉ ဦးဒဏ်ရာရတယ်လို့ အောက်တန်းကျစွာ ပုံကြီးချဲ့အမြတ်ထုတ်ရေးသားထားခြင်းဖြစ်ပါသည်။