ကာတာစီးပွားရေးလုပ်ငန်းရှင် Sheikh Jassim ဟာ မန်ချက်စတာယူနိုက်တက်အသင်းကိုဝယ်ယူဖို့အတွက် ဒီနေ့မှာ လက်ရှိအသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုနဲ့ ဆွေးနွေးမှုအပြီးမှာ ပြန်လည်ရုတ်သိမ်းလိုက်ပြီးဖြစ်ကြောင်း သတင်းတွေကဖော်ပြပါတယ်။
မန်ယူကို ၁၀၀ရာခိုင်နှုန်းပိုင်ဆိုင်ခွင့်ရဖို့ Sheikh Jassim ရဲ့ကလမ်းလှမ်းမှုက လက်ရှိဂလေဇာမိသားစုပိုင်ဆိုင်တဲ့ ပေါင် ၃.၃ဘီလီယံထက်ပိုများတဲ့ ပမာဏ ပေါင် ၅ဘီလီယံနဲ့ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် ဂလေဇာဘက်က ပယ်ချခဲ့တယ်လို့သိရပါတယ်။