ဇူလိုင်လ ၂၂ ရက် မနက် ၄ နာရီခန့်၊ လားရှိုးမြို့၊ ရပ်ကွက်(၆)၊ နယ်မြေ(၁)၊ လမ်းမတော်လမ်းရှိ Sunny ဟိုတယ်ရှေ့တွင် မသင်္ကာဖွယ် ကားတစ်စီးရပ်ထားကြောင်း သတင်းရရှိသဖြင့် စစ်ဆေးကြည့်ရှုရာ Mark II (အဖြူရောင်)ပေါ်တွင်
(၁) Gas အိုးကြီး ၂ လုံး
(၂) ဓာတ်ဆီ ၂ လီတာ
(၃) ရေသန့် ၂၀ လီတာ
(၄) ဓာတ်ခဲခြောက် ၅ လုံး
(၅) ယမ်းနဲ့ သံတိုသံစများထဲ့ထားတဲ့ ဟန်းကော ၁ လုံး
(၆) ဒီတိုနေတာ ၂ ချောင်း
(၇) Remote မိုင်းခွဲစက် ၁ လုံး
တိုဖြင့် ပြင်းအားမြင့် ဗုံးထောင်ထားတဲ့ Mark II ယာဉ်တစ်စီးအား အချိန်မီဖော်ထုတ် သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။
ဒီကားဗုံးသာ ပေါက်ကွဲလို့ကတော့ အပြစ်မဲ့ပြည်သူတွေအတွက် မတွေးဝံ့စရာပါပဲ.။




