စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က မြို့မစျေးမှာ ဒီနေ့ဇူလိုင် ၁၆ ရက်နေ့ မနက်ပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး ဒါဟာ စစ်တပ် လက်ချက်ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် ကိုရင်လေးတပါးနဲ့ ကလေးငယ်တယောက် အပါအဝင် ၁၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာပါလို့ DVB မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၆ ရက်နေ့၌ ရွှေဘိုမြို့ရှိ မြို့မစျေးတန်းအား KIA/PDF အဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်သဖြင့် ဗုံးသီး ၂ လလုံးပေါက်ကွဲကာ သံဃာတော် ၁ ပါးနှင့် ပြည်သူ ၇ ဦးတို့ ဒဏ်ရာများရရှိသွားခြင်းဖြစ်ကြောင်း၊ အဆိုပါဗုံးကွဲမှုကြောင့် ဆိုင်ခန်း ၂၂ ခန်း မီးလောင်ပျက်စီးသွားကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ PDF တွေမှ ပြည်သူများအပေါ် လူမဆန်တဲ့လုပ်ရပ်အား DVB မှ အမှန်အတိုင်းမရေးသားဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အများပြည်သူတွေ အထင်မှားအောင် ရည်ရွယ်ချက်ရှိရှိ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။
Disinformation
FactCheck