လက်နက်ကိုင်သောင်းကျန်းသူ PDF များအနေဖြင့်၎င်းတို့လုပ်ဆောင်နေကြသည့် ဖောက်ခွဲဖျက်စီးရေးလုပ်ငန်းများကို စိတ်ကုန်လာကြပြီ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေမှုများကို ရွံရှာမုန်းတီးလာပြီဖြစ်သလို နိုင်ငံတော်အစိုးရ၏ သဘောထားမှန်များကိုသိရှိလာပြီးသည့် နောက်ပိုင်းမှာ လက်နက်များနှင့်တကွ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာသူ အဆတ်မပြတ်ရှိကြောင်း သိရှိရပါတယ်။ နိုင်ငံအနှံ့အပြားရှိ PDF များ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများအနေဖြင့် ယနေ့အချိန်အထိ ကျား(၄၂၇) ဦး၊ မ (၁၃၇) ဦးရှိပြီ စုစုပေါင်း (၅၆၄) ဦး ဖြစ်ပါတယ်။ အဆိုပါဝင်ရောက်လာသူများကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ လှိုက်လှဲစွာကြိုဆိုလျက်ရှိပြီး ချီးမြှင့်ငွေများနှင့်၊ ထောက်ပံငွေများကိုပါပေးအပ်ပြီး မိဘများထံ စနစ်တကျလွှဲပြောင်း အပ်နှံပေးလျက်ရှိကြောင်း သိရှိရပါတယ်။
Related Posts
ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၆) အား စစ်ဝတ်ပစ္စည်းများထုတ်ပေး
- အေးခင်
- October 22, 2024
သက်ဆိုင်ရာလေ့ကျင့်ရေးကျောင်းတော်အသီးသီးမှာ စစ်ပညာသင်ယူကြဖို့ ရောက်ရှိနေကြတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆) မှ သင်တန်းသားများကို လိုအပ်သော စစ်ဝတ်ပစ္စည်းများနဲ့ အသုံးအဆောင်ပစ္စည်းများကို ထုတ်ပေးနေတဲ့ ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်နော်..။
အိမ်နီးချင်းကောင်း ပီသတဲ့ အိန္ဒိယ
- admin
- June 30, 2023
အိန္ဒိယစစ်တပ်သည် မြန်မာ့တပ်မတော်နှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအစိတ်အပိုင်းအဖြစ် မြန်မာ့တပ်မတော်မှ သူနာပြု ၂၈ ဦးကို လေ့ကျင့်သင့်ကြားပေးခဲ့ပြီး မြန်မာစစ်တပ်မှ သူနာပြုများအပြင် နီပေါစစ်တပ်မှသူနာပြု ၄ ဦးသည်လည်း အိန္ဒိယစစ်တပ်က […]
အမှောင်ကို ခွင်းခဲ့ကြသူများ
- admin
- July 12, 2023
ဇူလိုင်လ ၁၁ ရက် နေ့လည် ၂ နာရီခန့်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း ၂ ဉီး အလင်းဝင်ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပြီး အလင်းဝင်လာသူ […]