စူပါကွန်ပျူတာရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် နောက်ဆုံးခန့်မှန်းမှုမှာ အင်္ဂလန်အသင်းက ဒုတိယအလားအလာအကောင်းဆုံးဖြစ်လာကြောင်း သိရပါတယ်။ အချက်အလက်တွေအပေါ် အခြေခံတွက်ချက်တဲ့ Opta ရဲ့ စူပါကွန်ပျူတာက ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်တွေ ယှဉ်ပြိုင်အပြီးမှာ ခန့်မှန်းတွက်ချက်မှု ထပ်မံပြုလုပ်ခဲ့တာဖြစ်ပြီး ပြင်သစ်က ထိပ်ဆုံးမှာ ဆက်ရှိနေပေမဲ့ အင်္ဂလန်က စပိန်ကိုကျော်ဖြတ်ပြီး ဒုတိယနေရာ ရောက်လာခဲ့တာပါ။ အင်္ဂလန်အသင်းက အုပ်စုအဖွင့်ပွဲမှာ ခရိုအေးရှားကို (၄-၂)ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုထိပ်ဆုံးမှာ…