တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပစ္စတိုသေနတ် ၂ လက်နဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို တာဝန်ရှိသူများက လက်ခံကြိုဆို၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။
အဆိုပါ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ PDF အဖွဲ့ဝင်အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့က ပစ္စတိုသေနတ် ၂ လက်ကို အပ်နှံကြရာ ၎င်းပစ္စတိုသေနတ် ၂ လက်အတွက် ဆုကြေးငွေ သိန်း ၄၀ နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကြပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရှိရပါတယ်။
mhtnews



