မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ရခိုင်ဒေသအတွင်းတွင် ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ မုန်တိုင်းမရောက်မီကာလကတည်းက နိုင်ငံတော်အစိုးရမှ ကြိုတင်အသိပေးချက်များ ထုတ်ပြန်ကာ ရွှေ့ပြောင်းရေးအတွက်လုပ်ဆောင်ပေးခဲ့သလို တစ်ချိန်တည်းမှာပဲ တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များမှလည်း အချိန်မှီရောက်ရှိကူညီကယ်ဆယ်ရေးအတွက် လုပ်ဆောင်ခဲ့ပါတယ်.. မုန်တိုင်းပြီးကာလမှာလည်း မုန်တိုင်းသင့်ဒေသများသို့ တာဝန်ပေးအပ်ထားတဲ့ အရာရှိကြီးများမှ ချက်ချင်းသွားရောက်ပြီး ကူညီကယ်ရေးလုပ်ငန်းများ၊ ရေပေးဝေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ စားဝတ်နေရေးကိစ္စအဝဝ အဆင်ပြေစေရေအတွက် တပ်မတော်မှ စစ်ရေယာဉ်ကြီးများ၊ လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ယခုအချိန်ထိ ပို့ဆောင်ပေးကာ ကူညီရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်သားများ/အစိုးရအဖွဲ့အသီးသီးမှ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူ/ပြည်သားများအတွက် နေ့မနား/ညမနား အားတက်သရော ဆောင်ရွက်လျက်ရှိကြောင်း ဂုဏ်ယူစွာဖြင့် ဖော်ပြပေးလိုက်ရပါတယ်…
Related Posts
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများအား ဇွန် ၉ ရက်၌ထုတ်ပြန်မည်
- အေးခင်
- June 8, 2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်စာရင်းများအား တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် ဇွန်လ ၉ ရက် နံနက် ၆ နာရီမှစတင်၍ တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ […]
မြစ်ကြီးနားရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
- ပုည
- May 10, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ သံဃာတော်များအား မေလ ၁၀ ရက် ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က မြစ်ကြီးနား မြို့ရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သံဃာတော် […]
ကွတ်ခိုင်မြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအားတွေ့ဆုံ
- ပုည
- January 21, 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေ သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် […]