အနာသိရင် ဆေးရှိပါတယ်
လိုတာထက်ပိုပြီး
လောဘဖြစ်လာရင်
ရှိတာလေးနဲ့ ရောင့်ရဲလိုက်
လောဘလျော့ပီး ပေါ့ပါးသွားလိမ့်မယ်။
ကိုယ့်ထက်သာနေလို့
မနာလိုစိတ်ဖြစ်လာရင်
သူ့ကံနဲ့သူပါလားဆိုပြီး
ကိုယ်ချင်းစာပေးလိုက်
မုဒိတာစိတ်လေး ဖြစ်လာလိမ့်မယ်။
ဘာကြောင့်
ဘယ်သူ့ကြောင့် ဒေါသဖြစ်ဖြစ်
မေတ္တာပို့ပေးလိုက်
ဒေါသတွေ လျော့သွားလိမ့်မယ်။
အတွေးများလာရင်
တရားမှတ်လိုက်
စိတ်နှလုံး အေးချမ်းလာလိမ့်မယ်။
သောကဖြစ်လာရင်
ဂုဏ်တော်တွေပွါးလိုက်
စိတ်နှလုံး ကြည်လင်လာလိမ့်မယ်။။
ကိုယ့်ကိုကိုယ်
ကံဆိုးတယ်ဆိုပြီး စိတ်ဓါတ်မကျပါနဲ့
ရတနာသုံးပါးရဲ့ အရိပ်မှာ
လူဖြစ်ရတာကိုက မဟာကံထူးရှင်ဖြစ်နေပါပြီ။
မြတ်ဗုဒ္ဓရဲ့
တရားတော်တွေက
သုံးတတ်ရင် ဖြေဆေးတွေချည်းပါ.။
အနာသိရင် ဆေးရှိတယ်
ကိုယ့်စိတ်အနာ ကိုယ်တိုင်သိဖို့သာ လိုပါတယ်။
စိတ်နှလုံး အေးချမ်းကြပါစေ.
အရင်နန္ဒိယ(သာကီနွယ်)

