ယမန်နေ့( မေ ၁၂)နံနက် ၆နာရီခွဲအချိန်က ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ် ရဲနွယ်ဆည်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဦးချစ်စံ(၅၈)နှစ် ရဲနွယ်ရေအား လျှပ်စစ်(နေ့စား ဝန်ထမ်း) မြို့ချောင်းကျေးရွာနေသူမှ ရဲနွယ်ဆည်အခြေပြု လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ခမရ(၃၀၇) ထံ ရဲနွယ်ဆည်အတွင်းပေါက်ကွဲသံကြားရကြောင်း အကြောင်း ကြားချက်အရ ပူးပေါင်းလုံခြုံရေးအဖွဲ့က ပေါက်ကွဲသံကြားရာနေရာသို့ ခန့်မှန်းရှာဖွေခဲ့ရာ ကျောက်တံခါးမြို့နယ်၏ အနောက် ဘက် ၁၀ မိုင်ခန့်၊ မြို့ချောင်းကျေးရွာတစ်ဝိုက်တွင် တောမီးလောင်ကျွမ်းနေသော တောင်ကုန်းမှ မီးလောင်ပျက်စီးနေသော LUGER ပစ္စတို ၁ လက်၊ M 22 ၂ လက်၊ AR 15 ကျည်အိမ် တပ်လျှက် ၁ လက်၊ M4 ကာဘိုင် ကျည်အိမ်တပ်လျက် ၁ လက်၊ M 16 သေနတ် ၂ လက်၊ လက်လုပ် ၄၀ မမ ဗုံးပစ်လောင်ချာ ၂ လက်၊ ကျည်အိမ်အရှည် ၆ ခု၊ ကျည်အိမ်အတို ၁ ခု၊ M 22 ကျည် ၇ တောင့် ရှာဖွေတွေ့ရှိခဲ့သဖြင့် လက်နက်/ခဲယမ်းများတွေ့ရှိသည့် အနီးတစ်ဝိုက်သို့ ပူးပေါင်းအဖွဲ့က အသေး စိတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
Related Posts
ကယားပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်နေစဉ် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ
- ရှင်ယွန်း
- January 16, 2023
ကယားပြည်နယ် လွိင်ကော်မြို့ ပြည်နယ်ခန်းမရှေ့၌ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် ဒီဇင်ဘာ ၁၅ရက်နံနက်ပိုင်းက KNPP အဖွဲနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် […]
ဆေးလတ်မှတ်အတုနဲ့ အလုပ်လျှောက်ထားနိုင်ရန် ဆောင်ရွက်ပေးခဲ့သူများအား ဖမ်းဆီးရမိ
- admin
- November 22, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် အစိုးရ၏ပညာရေးစနစ်ကို ပျက်ပြားစေရန်ရည်ရွယ်၍ တရားမဝင် NUG […]
ပြည်သူ ၁၅ ဦးကို အကြောင်းမဲ့သတ်ဖြတ်ခဲ့တဲ့ စစ်ကိုင်း PDF များ
- admin
- September 17, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့်တောင်သူများ တောင်ယာလုပ်ကိုင်ရန်အတွက် မော်တော်ယာဉ်ဖြင့်သွားရောက်စဉ် ကျေးရွာမြောက်ဘက်မီတာ ၁၃၀၀ ခန့်အကွာသို့ရောက်ရှိစဉ် အကြမ်းဖက် PDF များက ၎င်းတို့အားထောက်ခံအားပေးမှုမရှိသည့်အတွက် ရက်စက်ယုတ်မာစွာဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ […]