ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)နှင့်လှိုင်သာယာမြို့နယ်နှင့်ရွှေပြည်သာမြို့နယ်တို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ နိုင်ငံတော်သမ္မတသည် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်ဆရာ၊ ဆရာမများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က ရန်ကုန်နည်းပညာတက္ကသိုလ်၏အဆောက်အဦများ တည်ဆောက်ထားရှိမှု၊ စာသင်ဆောင်၊ အိပ်ဆောင်၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများ၊…