ရန်ကုန်တိုင်းအစိုးရအဖွဲ့မှကြီးမှူး၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်(၁၁၁၁၁)ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့်ကြွရောက်တော်မူလာသည့် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူပွဲအား မေ ၂ ရက်ယနေ့ နံနက်အစောပိုင်းမှစတင်ကာ ပြည်သူ့ရင် ပြင်၌ ဆင်ယင်ကျင်းပခဲ့တဲ့ ပုံရိပ်တွေကို မြင်ရတာ အင်မတန်ကို ကြည်နူးဖို့ကောင်းပါတယ်..။ နိုင်ငံပိုင်ရုပ်သံလိုင်းတွေကလည်း တိုက်ရိုက်ထုတ်လွှင့်ပြသတော့ သက်ကြီးအဖိုးအဖွားတွေအနေနဲ့လည်း ကိုယ့်အိမ်ကနေကိုယ် တိုက်ရိုက်ထုတ်လွှင့်ပြသမှုတွေကိုကြည့်ပြီး ကြည်ညိုသဒ္ဒါပွား ကုသိုလ်ယူနိုင်ခဲ့ကြမယ်ဆိုတာလည်း မလွဲဧကန်ပါပဲ.။ လာမည့် မေလ ၃ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့) မှာလည်း မန္တလေးမြို့မှာ ဆွမ်းလောင်းလှူပွဲကြီးကို ခမ်းခမ်းနားနားနဲ့ စည်းကားသိုက်မြိုက်စွာကျင်းပကြဦးမှာဆိုတော့ အင်မတန်ကို ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်ဆုံတဲ့ နေ့တွေလို့ခေါ်ဆိုရမှာပါ ။ အခုလို အခမ်းအနားမျိုးတွေ များများလုပ်ဆောင်နိုင်ကြပါစေ၊ မြို့ကြီးတွေအပြင် ကျေးရွာတွေမှာလည်း ဆွမ်းလောင်းလှူပွဲလေးတွေ များများကျင်းပနိုင်ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..။ ဗုဒ္ဓသာသနာ ရောင်ဝါနေသို့ လင်းပါစေ.။
Related Posts
သင်္ကြန်တွင်းတွင် မြို့ပတ်ရထား ပြေးဆွဲမှု ရပ်နားမည်
- ရှင်ယွန်း
- March 31, 2024
သင်္ကြန်ကာလအတွင်း ရန်ကုန်မြိုပတ်ရထားပြေးဆွဲခြင်း ယာယီရပ်နားထားပြီး နှစ်ဆန်းတစ်ရက်နေ့မှ ပြန်လည်ပြေးဆွဲမည် သင်္ကြန်ကာလအတွင်း ဧပြီလ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ (ဧပြီလ ၁၆ ရက်) အထိ ရန်ကုန်မြိုပတ်ရထားပြေးဆွဲခြင်းအား […]
မြန်မာ- လာအို ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်
- အေးခင်
- January 25, 2024
၂၀၁၅ ခုနှစ်၊ မေလ ၉ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့မှာရှိတဲ့ မြန်မာ- လာအို ချစ်ကြည်ရေးတံတားကို ၂၀၂၀ ခုနှစ်၊ […]
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး တို့က ပြည်ထောင်စုနေ့ညစာစားပွဲဖြင့်ဧည့်ခံ
- ပုည
- February 13, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ […]