မေ ၁၄ ရက်ညပိုင်းမှစပြီး မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားတွင် တရုတ်သင်္ဘောအချို့အား ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။ "အီရန်နိုင်ငံရဲ့ ရေလက်ကြားစီမံခန့်ခွဲမှု ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေနဲ့ သဘောတူညီချက်ရရှိပြီးနောက် တရုတ်သင်္ဘောအချို့ကို ဒီရေလက်ကြားက ဖြတ်သန်းခွင့်ပြုဖို့…