ပြည်တွင်းမှာ တွင်ကျယ်နေတဲ့ အွန်လိုင်းရှော့တွေနဲ့ပတ်သက်ပြီး စားသုံးသူတွေ နစ်နာမှုရှိရင် တိုင်ကြားနိုင်တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနက ကြေညာပါတယ်။
ငွေချေပြီး ပစ္စည်းမရောက်တာ ကြော်ငြာထားတဲ့ကုန်ပစ္စည်းအရည်အသွေးနဲ့ ကွဲလွဲတာ၊ ငွေချေပြီးနောက်ဆက်သွယ်လို့မရတာ၊ ကုန်စည်ပါသတင်းအချက်အလက်တွေကိုချဲ့ကားဖော်ပြတာ၊ ပိုဖိုသဘောတူညီထားတဲ့အချိန်အတွင်းကုန်ပစ္စည်းမရောက်တာတွေ ဒီလိုကိစ္စတွေအတွက် တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။
ဆက်သွယ်တိုင်ကြားလိုသူတွေအနေနဲ့ စားသုံးသူရေးရာဦးစီးဌာန ဖေ့ဘုတ်ပေ့ချ်၊ Application ဖြစ်တဲ့ DOCA Myanmar ကနေတိုင်ကြားနိုင်သလို ဖုန်း ၁၅၃၅ ကိုလည်းဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အွန်လိုင်းရှော့ပ်တွေနဲ့ MLM လုပ်ငန်းတွေ၊ MLM အမည်မခံဘဲ ဆင့်ပွားရောင်းချမှုပုံစံအခြေပြုလုပ်ငန်းတွေဟာ စီးပွားရေးကိုကျင့်ဝတ်နဲ့အညီလုပ်ကိုင်မှုအားနည်းနေပြီး ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီ ထိရောက်တဲ့အရေးယူမှုတွေရှိဖို့လည်း လိုအပ်နေတယ်လို့ စားသုံးအခွင့်အရေးကာကွယ်မှုလုပ်ဆောင်နေသူတွေက တိုက်တွန်းထားပါတယ်။