ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) အမျိုးသား ဘောလုံးပြိုင်ပွဲဝင် မြန်မာ ယူ၂၂ အသင်းသည် ဧပြီလ ၂၇ ရက်နေ့ ည (၇)နာရီက ရန်ကုန်မြိုမှ ထွက်ခွာခဲ့ရာ မြန်မာစံတော်ချိန် ည (၁၁း၀၀) နာရီတွင် ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို ရောက်ရှိခဲ့ကြောင်းသိရပါတယ်..။
