စိုက်ပျိုးရေးဟာ နိုင်ငံရဲ့ အဓိကစီးပွားရေးကို အထောက်အကူပြုနေတဲ့ လုပ်ငန်းဖြစ်တာကြောင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းရေးကို အဓိကထားလုပ်ဆောင်လျက်ရှိပါတယ်။
တိရစ္ဆာန် မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ စံပြစိုက်ပျိုးမွေးမြူရေးဇုန် စုစုပေါင်း ဧက ၅၅ ဧက အတွင်း စိုက်ပျိုးထားတဲ့
မျိုးကောင်းမျိုးသန့် သီးနှံတွေထဲမှာ စိုက်ပျိုးထားရှိသည့် ခရမ်းမျိုးစိတ်မှာ ဒေသမျိုးရင်းဖြစ်ပြီး ပျိုးသက်အနေဖြင့် ရက်ပေါင်း ၃၀ ရက်မှ ၄၀ ရက်ခန့် ကြာမြင့်ကာ စိုက်ပျိုးပြီး ၃ လအတွင်း စတင်အသီးသီးကြောင်း၊ ခရမ်းပင်သီးနှုန်းမှာ တစ်ပင်လျှင် ပျမ်းမျှ ၁၅ လုံးမှ ၂၀ လုံး (၅ ပိဿာခန့်)ရှိပြီး ခရမ်းသီး ၁ ပိဿာလျှင် ပြင်ပပေါက်ဈေး ၁၀၀၀ ကျပ်ရှိကြောင်းကို သိရပါတယ်ရှင်…။
ပြင်ပကိုရောင်းချသည့်အပြင် တပ်မိသားစုဝင်များကိုလည်း ပြင်ပထက်ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေကြောင်းလည်း သိရပါတယ်။