နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားရယူရန် လိုအပ်ကြောင်း သိရသည်။ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်း၏ ပြောကြားချက်အရ ဆေးဝါးမှတ်ပုံတင်မရှိဘဲ ထုတ်လုပ်ပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ…