အင်အားပြင်းငလျင်ကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ဒုဋ္ဌဝတီတံတား အသစ်ပြန်လည်တည်ဆောက်နေပြီး ဇူလိုင်လတွင် ပြီးစီးနိုင်ရေး လျာထားကြောင်း သိရသည်။ ဧပြီ ၂၆ ရက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ မိုင်တိုင်အမှတ် (၃၅၈/၁)ရှိ ဒုဋ္ဌဝတီတံတား (ပေ ၁၀၀၀) အသစ်ပြန်လည်တည် ဆောက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တံတားဦးအပြည်ပြည်ဆိုင်ရာ…