မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မှာ ချေးငွေပြန်သိမ်းဖို့သွားတဲ့ Pact ပက်(စ်) မြန်မာနဲ့ BG Microfinance ငွေချေးလုပ်ငန်းတွေက ဝန်ထမ်း ၄ ဦးကို လက်နက်အားကိုးနဲ့ အုပ်စုဖွဲ့အကြမ်းဖက်နေတဲ့ PDF တွေက ဖမ်းဆီးပြီး ဓားပြတိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လုပ်ငန်း ၂ ခုဆီကနေ စာရွက်စာတန်းတွေ၊ Mytel ဆင်းကဒ်တွေ၊ ဝန်ထမ်း ၄ ဦးရဲ့ ဖုန်း ၄ လုံးနဲ့ ငွေကျပ်သိန်း ၅၀ ကျော်ကို ဓားပြတိုက်ယူဆောင်ပြီး သူတို့အတွက် အသုံးမဝင်တဲ့ စာရွက်စာတမ်းတွေကိုတော့ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက အကြမ်းဖက်အုပ်စုတွေဟာ လက်နက်အားကိုးနဲ့ ယခုလိုပဲ ပြည်သူလူထုကို မျက်ရည်ပေါက်ကြီးငယ်ကျအောင် ညှင်းပန်းနှိပ်စက် အနိုင်ကျင့်ပြီး စားသောက်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
mhtnews


