ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ပြည်သူ လူထု၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားအောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် ညီလာခံ သည် မြန်မာ့ဆေးပညာလောကအတွက် အစဉ်အလာကြီးမားသည့် ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံဖြစ်၍ ထူးချွန်သော မြန်မာ့ကျန်းမာရေးသုတေသီတို့အတွက် ဂုဏ်ယူပါကြောင်း၊ ယခုနှစ်ညီလာခံ၏ အဓိက ဦးတည်ချက်ခေါင်းစဉ် (Theme) အဖြစ် “တိရစ္ဆာန်မှတဆင့် ကူးစက်နိုင်သောရောဂါများကို တစ်ခုတည်းသော ကျန်းမာရေးပူးပေါင်း ဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့” ဟုသတ်မှတ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်အချိုးကျဆက်စပ်နေသဖြင့် သုတေသနပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ သုတေသနများဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံနှင့်ပြည်သူလူထုအတွက် အကျိုးရှိမည့် ကျန်းမာရေး သုတေသနများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သုတေသနစာတမ်းရှင်များအနေဖြင့် ကျန်းမာရေး အသိပညာဖလှယ်မှု ပိုမိုခိုင်မာ ကျယ်ပြန့်လာစေရန် ညီလာခံသို့ စာတမ်းတင်သွင်းရုံမျှမကပဲ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနတွေ့ရှိချက်များကို ဖော်ပြနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။
Related Posts
မင်္ဂလာရှိသော နံနက်ခင်းလေးပါ
- admin
- June 25, 2024
ကောင်းသတင်းနှင့် ကောင်းခြင်းဝေဖြာ ကောင်းမြတ်သောမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့သစ် ဖြစ်ကြပါစေ🙏🙏🙏—
မေတ္တာစေတနာများစွာဖြင့်
- ပုည
- February 14, 2023
KoThet နှင့် friends များမှလှူဒါန်းပေးသောငွေများဖြင့် ကယားပြည်နယ်ဘက်တွင် တရားသောစစ်ဆင်နွှနေသောတပ်မတော်သားများနှင့် မိသားစုဝင်များအတွက် – (ပထမ)အကြိမ်ပေးပို့လှူဒါန်းသွားပါမည်။ ဝိုင်းဝန်းလှူဒါန်းပေးကြသော သူငယ်ချင်း၊မိတ်ဆွေများကိုလည်း တပ်မတော်သားများကိုယ်စား အထူးပင် လှိက်လှိက်လှဲလှဲကျေး ဒုတိယအကြိမ်တွင် […]
မင်္ဂလာရှိသော နံနက်ခင်းလေးပါ
- admin
- December 30, 2023
🌷ကိုယ်ကဖယ်မှ အေးပါတယ်🌷 စားစရာမရှိလို့ ပူတဲ့အပူကစားစရာပေးလို့ အေးနိုင်သေးတယ် ။ ၀တ်စရာမရှိလို့ ပူတဲ့အပူက၀တ်စရာပေးလို့ အေးနိုင်သေးတယ် ။ ကိုယ်စိတ်မထားတတ်လို့ပူတဲ့အပူတွေကိုယ်အတွေးမှားလို့ပူတဲ့အပူတွေကိုယ်မပြင်လို့မအေးတဲ့အပူတွေကြ ဘယ်သူတွေ ဘာတွေပေးပေးအေးဖွယ်ရာ လုံး၀မရှိနိုင်ပါဘူး ။ […]