ပေါက်မြို့နယ်၊ ထန်းပေါက်ကုန်းကျေးရွာအနီးတွင် PDF များ၏ တရားမဝင်ရေနံတွင်းများ၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ဖော်ထုတ်ရရှိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၉ နာရီခန်တွင် ပေါက်မြို့နယ်၊ ထန်းပေါက်ကုန်း ကျေးရွာအနီးတွင် အပြစ်မဲ့ပြည်သူများအား ဆက်ကြေးကောက် Tတ်ဖြတ်နေသော PDF ပဒက်များက ၎င်းကျေးရွာအနီးတွင် တရားမဝင် ရေနံများတူးဖော်နေကြောင်း သိရှိရသဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ မြေကြီးအတွင်း ၆ လက်မခန့် မြှပ်ထားသော အချင်း ၃ လက်မရှိ ပီစီဗွီပိုက်အား တွေ့ရှိသဖြင့် ၎င်းနေရာမှ ပိုက်လိုင်းတစ်လျှောက်ရှာဖွေခဲ့ရာ ရေနံထည့်ရန်ကန် အသစ် ၁ လုံးနှင့် ရေစုပ်စက် ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ ၎င်းကျေးရွာအနီးတဝိုက် လုံခြုံရေးအဖွဲ့ဝင်များမှ အသေးစိတ် ထပ်မံရှင်းလင်းခဲ့ရာPDF ပဒက်စခန်းဟောင်း ၁ ခုနှင့် အပြစ်မံပြည်သူများ Tတ်ဖြတ်ရန်ပြုလုပ်ထားသော

  • လက်လုပ်မိုင်း ၁၈ လုံး
  • ကော့တက်ယမ်းကြိုး ၁ ခွေ
  • လက်လုပ်စိန်ပြောင်း ၁ လက်
  • လက်လုပ်စိန်ပြောင်း ဗုံးသီး ၆ လုံး
  • လက်လုပ် Drop Bomb ၇ လုံး
  • ယမ်းမှုန့် ၂ ပိဿာ
  • ယူနီဖောင်း ၂ စုံ
  • မိုးကာခင်း ရေကန် ၃ ကန်
  • ဆိုလာပြား ၁ ချပ်
  • မီးစက် ၂ လုံး
  • အင်ဗက်တာ ၁ လုံး
  • ဗုံးခိုကျင်း ၁ လုံး
  • ထမင်းပေါင်းအိုး ၁ လုံး
  • မိုးဗြဲဒယ် ၂ လုံး
  • ဆိုင်ကယ် ၃ စီး
  • သုံဘီးယာဉ် ၁ စီး
  • လူနေတဲ ၁၂ လုံးတို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရပါသည်။
    အဖျက်အမှာက်လုပ်ငန်းများလုပ်ဆောင်ရန်နှင့် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ရန် ပြုလုပ်ထားသော PDF များ၏ လက်နက်ခဲယမ်းများအား လုံခြုံရေးအဖွဲ့ဝင်များမှ စနစ်တကျ မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။