ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေညီအစ်ကိုဂိတ်မှ ထွက်ခွာလာသော ခရီးသည်တင်ကား ၁ စီးသည် ညနေ ၃ နာရီခန့်၌ ခဲချောင်းကျေးရွာအနီးအရောက်တွင် KNU/PDF အကြမ်းဖက်သမားများမှ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ပါတယ်။
ထိုကဲ့သို ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော အသက် ၉ နှစ်အရွယ် မောင်ပြည့်ဖြိုအောင် နှင့် အသက် ၂၁ နှစ်အရွယ် မပြည့်ဝါဆို တို ၂ ဦးမှာ အကြမ်းဖက်သမားများ၏ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရပါသည်။
အကြမ်းဖက် PDF များအနေဖြင့် အပြစ်မဲ့ပြည်သူများအပေါ် အကြောင်းမဲ့တိုက်ခိုက်သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက် ရှိကြောင်း သိသာထင်းရှားသော သာဓကများပဲဖြစ်ပါတယ်။
မိဘပြည်သူများအနေဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသော PDF အကြမ်းဖက်များ၏ လှုပ်ရှားမှုသတင်းများ ရရှိပါက နီးစပ်ရာလုံခြုံရေးအဖွဲ့များနှင့် တာဝန်ရှိသူများထံ ဆက်သွယ်သတင်းပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

