ရဟန်း သံဃာနဲ့ သီလရှင်တွေ Tik Tok မဆော့ရန် သံဃမဟာနာယက အဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
Tik Tok, Facebook စသော လူမှုကွန်ရက် အင်တာနက်စာမျက်နှာများတွင် ရဟန်း၊ သာမဏေနှင့် သီလရှင်များက ဆိုခြင်း၊ ကခြင်းစသည့် သာမဏသာရုပ္ပမဖြစ်သော အပြုအမူများ မပြုလုပ်စေရေးအတွက် မြို့နယ် သံဃနာယကအဖွဲ့များမှ တဆင့် ကျောင်းထိုင် ဆရာတော်များနှင့် ကျောင်းအုပ် ၊ ချောင်အုပ် ၊ ဇရပ်သီလရှင်ဆရာကြီးများထံ အသိပေးလျှောက်ထားတယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓမ္မဝီရ ဒေါက်တာအရှင်တေဇနိယက “ များများ ကဲ့ရဲ့ရှုံ့ချပေးကြလို့ အကျိုးသက်ရောက်မှု ပြလာတဲ့လက္ခဏာပဲ။ဆက်လက်ပြီး အားသွန်ခွန်စိုက် ကဲ့ရဲ့ပေးကြပါ။ “ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။မိမိကျောင်းရဟန်းသာ ထိုသို့ သံဃာနှင့် သာသနာကို အိုးမည်းသုတ်က တခါတည်း လူဝတ်လဲစေမည်ဖြစ်တယ်။ ထိုပုဂ္ဂိုလ်မျိုး သာသနာနှင့်မတန် အရဟတ္တဓဇနှင့် မထိုက်ဘူး” လို့ မိန့်ကြားထားပါတယ်။