ပါဝင်ပစ္စည်းများ
- ကြက်ဥ ၃ လုံး
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ပြောင်းဖူးစေ့ပြုတ် ထမင်းစားဇွန်း ၁ ဇွန်း (ပြောင်းဖူးစေ့တွေကို ချွေပြီး ရေနဲ့ ၅ မိနစ်ခန့် ကြိုပြုတ်ထားပါ)
- ရေ ၂၅၀ မီလီလီတာ
- ခနောဆန်ပြုတ် ၁ ထုပ်
- ကြက်သွန်မြိတ် ၁ ပင် (ခပ်သေးသေးလှီးထားပါ)
- ငရုတ်သီးအနီ ၂ တောင့်
ချက်ပြုတ်ပြင်ဆင်ပုံ
- ကြက်ဥထိပ်လေးကိုပဲ ခွဲပြီး အထဲက အကာနဲ့ အနှစ်တွေကို ပန်းကန်လုံးတစ်လုံးထဲကို ဖောက်ချထားပါ။
- ကြက်ဥအကာနဲ့ အနှစ်တွေကို ရောမွှေပြီး ဆန်ကာနဲ့ စစ်ကာ ပန်းကန်လုံးထဲကို ပြန်ထည့်ပါ။
- မွှေထားတဲ့ ကြက်ဥနှစ်တွေကို ငရုတ်ကောင်းမှုန့်ဖြူးပြီး ပန်းကန်လုံးထဲမှာ ထပ်ခလောက်ပေးပါ။
- ပြီးရင်တော့ အဲဒီကြက်ဥမွှေထားတာကို ကြက်ဥခွံတစ်ခုစီထဲကို လေးပုံ သုံးပုံလောက် ရောက်တဲ့အထိ ဖြည့်ပေးရပါမယ်။
- ဖြည့်ပြီးသား ကြက်ဥတစ်လုံးစီကို ကြွေပန်းကန်လုံးသေးတစ်လုံးစီထဲ ထောင်ပြီး ထည့်ပါ။
- ပေါင်းအိုးထဲမှာ ရေနည်းနည်းထည့်ပြီး ပန်းကန်လုံးတွေကို နေရာချကာ မိနစ် ၂၀၊ ၃၀ လောက် မီးအေးအေးနဲ့ ပေါင်းပေးပါ။ အိုးအဖုံးကို အပြည့်မအုပ်ပဲ နည်းနည်းဟထားရပါမယ်။ အိုးအဖုံးအုပ်ထားရင် ကြက်ဥတွေ ပေါက်ထွက်တတ်လို့ပါနော်။
- ပေါင်းထားတဲ့ ကြက်ဥတွေ ရပြီဆိုရင်တော့ အိုးထဲမှ ထုတ်ကာ အကင်ဗန်း ဒါမှမဟုတ် မီးဖိုပေါ်မှာ နောက်ထပ်မိနစ်နည်းနည်းလောက် ထပ်ကင်ပေးပါ။
- အိုးအသစ်တစ်လုံးထဲကို ခနောဆန်ပြုတ်ဖောက်ထည့်ကာ ရေ ၂၅၀ မီလီမီတာထည့်ပြီး တည်ထားပါ။ ပွက်လာပြီဆိုတာနဲ့ မီးရှိန်လျှော့ပြီး ပြုတ်ထားတဲ့ ပြောင်းဖူးစေ့လေးတွေ ထည့်ကာ ၃ မိနစ်ကနေ ၅ မိနစ်ထိ မွှေပေးရပါမယ်။
- ဆန်ပြုတ်အသင့်ဖြစ်ပြီဆိုရင်တော့ ခုနကင်ထားတဲ့ ကြက်ဥလေးတွေထည့်၊ ကြက်သွန်မြိတ်လေးဖြူး၊ အစပ်ကြိုက်တတ်ရင် ငရုတ်သီးအနီ ၂ တောင့်လောက် ညှပ်ထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။