မေလ၂ရက်နေ့က ပုသိမ်မြို့နယ်ရပ်ကွက်များအပါအဝင်၊သာပေါင်းမြို့နယ်၊ကန်ကြီးထောင့်မြို့နယ်နှင့်ငပုတောမြို့နယ်များသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမည့် အချိန်ဇယားများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ ပုသိမ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ခွဲရုံ/လိုင်းတာဝန်ခံ လျှပ်စစ်ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမည့်အချိန်ဇယားများ နှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ပုသိမ်မြို့အတွင်း မြို့ပေါ်ရပ်ကွက် ၁၅ရပ်ကွက်ရှိပြီး group…