မိန်းကလေးတစ်ယောက်အနေနဲ့တစ်ပတ်ကို ခေါင်းဘယ်နှကြိမ်လျှော်သင့်လဲဆိုရင် လူတိုင်းမှာ မွေးရာပါ
အသားအရေအမျိုးအစား မတူညီကြသကဲ့သို့ ဆံသားအမျိုးအစားလည်း ကွဲပြားခြားနားကြပါတယ်။
(က) ကျန်းမာသန်စွမ်းတဲ့ ဆံသား
(ခ) ပုံမှန်(အလယ်အလတ်) ဆံသား
(ဂ) ဆံသားအုံကောင်း (ဆံပင်ထူ)
(ဃ) ခြောက်သွေ့(မွဲခြောက်ခြောက်) ဆံသားဆိုပြီးတော့ အခြေခံအားဖြင့် ဆံသားလေးမျိုးရှိပါတယ်။
မတူညီတဲ့ဆံသားအမျိုးအစားပေါ်မူတည်၍၊ ခေါင်းလျှော်တဲ့ အကြိမ်နှုန်းဟာလည်း အနည်းအများ
ကွာဟမှုရှိပါတယ်။
၁။ ကျန်းမာသန်စွမ်းတဲ့ ဆံသားပိုင်ရှင်များအတွက်
ကျန်းမာတဲ့ဆံသားတွေက အခြားဆံပင်အမျိုးအစားတွေထက် ပို၍အဆီစုပ်ယူမှု အားကောင်းကြတာကြောင့်
daily use shampoo(ခေါ်) နေ့စဉ်သုံး ရှမ်ပူအမျိုးအစားကို သုံးသင့်ပါတယ်။
တစ်ရက်ခြား(သို့)တစ်နေ့တစ်ကြိမ် ခေါင်းလျှော်ပေးနိုင်ပါတယ်။
(အဆီပြန်တဲ့ဆံပင်ကလည်းကျန်းမာသန်စွမ်းတဲ့ဆံသားအမျိုးအစားထဲမှာပါရှိနေပါတယ်။ အဆီအလွန်ပြန်တဲ့
ဆံသားပိုင်ရှင်များကတော့ dry shampoo ကိုသုံး၍ နေ့စဉ်ခေါင်းလျှော်ပေးရမှာပါ။)
၂။ ပုံမှန်ဆံသားပိုင်ရှင်များအတွက်
သဘာဝဆံသားလို့ခေါ်နိုင်ပါတယ်။ ဒီဆံသားတွေမှာ အပေါ်မှာဖော်ပြထားတဲ့ ကျန်းမာသန်စွမ်းတဲ့
ဆံသားတွေလောက် အဆီသိပ်မရှိတာကြောင့် ရက်သတ္တတစ်ပတ်မှာ နှစ်ကြိမ်(သို့)အများဆုံး သုံးကြိမ်
လျှော်ရုံနှင့် လုံလောက်ပါတယ်။ အကယ်၍ အလယ်အလတ်ဆံသားတွေကို နေ့စဉ်ခေါင်းလျှော်မိတဲ့အခါမှာ
ဦးရေပြားနှင့် ဆံသားများအဆီခန်းခြောက်စေတတ်လို့ ဆင်ခြင်သင့်ပါတယ်။
(ဗောက်ရှိသူတွေက Anti Dandruff Itchy Scalp ရှမ်ပူကို သုံးသင့်သလို ဆံသား
ကြမ်းသူများနှင့် ဆံပင်နှစ်ခွရှိသူများက Conditioner Shampoo ကို သုံးပေးဖို့လိုပါတယ်။)
၃။ ဆံသားအုံကောင်း (ဆံပင်ထူ)သူများအတွက်
အမျိုးသမီးအများစုပိုင်ဆိုင်တဲ့ ဆံပင်အမျိုးအစားလေးပါပဲ။ ဆံသားထူပြီး ဆံပင်သဘာဝအကောက်လှိုင်းသား
ပါရှိနေလို့ ဦးရေပြားထံမှ အဆီတွေကို ဆံသားတွေဆီသို့ အလွယ်တကူ မပျံ့နှံ့စေတဲ့အတွက်ကြောင့်
ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်သာ ခေါင်းလျှော်ပေးရုံမျှဖြင့် လုံလောက်ပါတယ်။
(အခုလို ဆံသားပိုင်ရှင်တွေကလည်း အမှတ်စဉ် (၂) ကလို အလယ်အလတ် ဆံသားပိုင်ရှင်တွေသုံးတဲ့
ရှမ်ပူအမျိုးအစားတွေကိုပဲ သုံးနိုင်ပါတယ်)
၄။ ခြောက်သွေ့(မွဲခြောက်ခြောက်)ဆံသားများအတွက်
ဒီဆံသား အမျိုးအစားက အမှတ်စဉ်(၁)ဆံသားနှင့် ပြောင်းပြန်ဖြစ်ပါတယ်။ ဦးရေပြားမှာ အဆီခန်း၍
ဆံပင်မွဲခြောက်ကာ ဆံသားများ နှစ်ခွ သုံးခွဖြစ်ပြီး ဆံပင်တွေ ပြတ်ထွက်လေ့ရှိပါတယ်။
ဒါကြောင့် နေ့စဉ် ခေါင်းမလျှော်သင့်ပါဘူး။ Oily Shampoo တစ်မျိုးတည်းကိုသာသုံးပါ(သို့)
ဓာတုပစ္စည်းတွေပါဝင်မှုနည်းတဲ့ ရှမ်ပူကိုရွေးသုံးပါ။ conditioner ပေါင်းဆေးပါတဲ့ ရှမ်ပူကိုသုံးပေးပါ။
(အခုလို ဆံသားပိုင်ရှင်များဟာ ခေါင်းလျှော်ပြီးတဲ့အခါ လေပူစက်ဖြင့်မှုတ်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။
ဆံသားခြောက် သွေ့ကြမ်းထော်စေလို့ပါပဲ။ ဒါကြောင့် ပုံမှန်သဘာဝလေဖြင့်သာ အခြောက်ခံခြင်း(သို့)
လေအေးပေးပေးစက်ဖြင့် မှုတ်ခြင်းကိုသာ သုံးစွဲပေးပါ။)