KIA သူပုန်အဖွဲ့ဟာ စစ်ကိုင်းတိုင်းမှာရှိတဲ့
ဗမာရွာတွေ၊ ရှမ်းရွာတွေကို လိုက်လံမီးရှိနေတာ
အားလုံးအသိပဲ ဖြစ်ပါတယ်။
သူတို့မီးရှိ့ရတဲ့ရည်ရွယ်ချက်က
စစ်ကြောင်းတွေ လိုက်မလာနိုင်ဖို့ရယ်၊
ဗမာ/ရှမ်းတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ဖို့ရယ်၊ KIA စခန်းတွေကို
ထိုးစစ်မဆင်နိုင်ဖို့ရယ်ပါ။
ဒီဇင်ဘာ ၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊
မြောင်မြိုက လဝကရုံးကို KIA/PDF အဖွဲ
(၃၀)ခန့်ဟာ အရပ်သားအယောင်ဆောင်ပြီး
မီးပုလင်းနဲ့ပစ်ပေါက်မီးရှိသွားပြီး ကူးတို့ကိုင်း ရွာဘက်ကို ပြန်လည်ဝင်ရောက်သွားခဲ့တယ်။
လဝကရုံးဟာ ၇၀ % နီးပါး မီးလောင်ကျွမ်းခဲ့ပြီး
ကံကောင်းတာကတော့ အဲဒီရုံးဟာ ဇွန်လ ၅ ရက်
နေ့ကတည်းက ထွေ/အုပ်ရုံးကို ပြောင်းရွှေ့ထား
တဲ့အတွက် စာရွက်/စာတမ်းနဲ့ လူများ ပျက်စီး
ဆုံးရှုးမှုမရှိခဲ့ပါ။ တပ်/ရဲ/မီးသတ် အဖွဲက မီးသတ်
ကားနဲ့ မီးငြိမ်းသတ်နိုင်ခဲ့လို့ တခြားအိမ်တွေပါမီးမကူးခဲ့ပါ။
ပြောချင်တာက
NUG PDF အပါ EAOs အချို့ဟာ သူတို့ကိုယ်တိုင်
ဗမာရွာတွေကို မီးရှိပြီး Media အားနဲ့ စစ်တပ်က
မီးရှိ့နေပါတယ်လို့ အကွက်ကျ၊ အချိန်ကိုက်
အော်ကြပါလိမ့်မယ်။ ထုံးစံအတိုင်း ရိုးရာမပျက်ပေါ့။

