နိုဝင်ဘာလ ၂၀ ရက်တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားနည်းများ အလိုက် သက်မှတ်ထားသော အားကစား ကွင်း/ရုံများတွင် ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (က)အဆင့် ဘောလုံးပြိုင်ပွဲ တတိယလုပွဲကို အရှေပိုင်းတိုင်း စစ်ဌာနချူပ် ကိုယ်စားပြုအသင်းနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အသင်းတို့သည် ညနေပိုင်းတွင် ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ တတိယနေရာလု ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားကြရာ မြောက်ပိုင်းတိုင်းဌာနချူပ် ကိုယ်စားပြုအသင်းက အရှေပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အသင်းအား ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။

