တောင်ကြီးမီးပုံးပျံတွေထက် ပိုလင်းလက်တောက်ပပြီး လှပနေတဲ့ တောင်ကြီးလူငယ်တွေရဲ့ တာဝန်သိစိတ်

ပွဲတော်စတင်တဲ့ ပထမဆုံးရက်ကနေ နောက်ဆုံးပိတ်သိမ်းတဲ့ နေ့ရက်အထိ The Sphere ရဲ့ ဦးဆောင်မှုအောက်မှာ လူငယ် Volunteer တွေဟာ နေ့စဉ် အလှည့်ကျ တာဝန်ခွဲဝေပြီး အမှိက်ကမ်ပိန်းကို တက်ကြွစွာ လုပ်ဆောင်ခဲ့ကြပါတယ်။ အေးစိမ့်လှတဲ့ တောင်ကြီးညချမ်းတွေမှာ ပျော်ရွှင်မှုတွေကြား စီးမျောမနေဘဲ ကိုယ့်မြိုရဲ့ သန့်ရှင်းသာယာရေးအတွက် အမှိက်အိတ်ကိုယ်စီနဲ့ မမောနိုင် မပန်းနိုင် လှုပ်ရှားခဲ့ကြတာဟာ တကယ့်ကို ကြည်နူးစရာ မြင်ကွင်းတစ်ခုပါ။
အထူးသဖြင့် ပွဲတော်နောက်ဆုံးရက် ပွဲပြီးဆုံးသွားချိန် လူတိုင်း အိမ်ပြန်အနားယူဖို ပြင်ဆင်နေချိန်မှာတောင် လူငယ် Volunteer တွေဟာ ကွင်းတစ်ကွင်းလုံးကို စုပေါင်းပြီး အမှိက်ကောက် သန့်ရှင်းရေး လုပ်ဆောင်ခဲ့ကြပါတယ်။ ကိုယ့်ဒေသကို ချစ်မြတ်နိုးစိတ်ကို စကားလုံးတွေနဲ့မဟုတ်ဘဲ လက်တွေ့လုပ်ရပ်တွေနဲ့ သက်သေပြသွားခဲ့တဲ့ The Sphere နဲ့ တောင်ကြီးလူငယ်တိုင်းရဲ့ စေတနာနဲ့ စည်းလုံးမှုဟာ အများအတွက် အတုယူစရာ စံနမူနာကောင်းတစ်ခုအဖြစ် လေးစားဂုဏ်ယူဖွယ် မှတ်တမ်းတင်ထိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *