ပံ့သကူအလှူ၏ မွန်မြတ်သော အနှစ်သာရ မပျောက်ပျက်စေလို

တန်ဆောင်တိုင်ကာလတွင် ပံ့သကူပစ်၍ လှူဒါန်းခြင်းသည် မြန်မာတို၏ ချစ်စရာကောင်းသော ရိုးရာဓလေ့တစ်ခု ဖြစ်ပါတယ်။

ရှေးယခင်က ပံ့သကူပစ်ခြင်းသည် လိုအပ်နေသူများအတွက် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြခြင်းမရှိဘဲ တိတ်တဆိတ် ကူညီလှူဒါန်းကြသည့် မွန်မြတ်သော ဓလေ့တစ်ခုဖြစ်ပါတယ်။ ပေးကမ်းသူဘက်ကလည်း ကြွားဝါလိုစိတ်မရှိဘဲ စေတနာသက်သက်ဖြင့် လှူဒါန်းကြသကဲ့သို ရရှိသူဘက်ကလည်း ဝမ်းမြောက်ကြည်နူးမှုကို ခံစားရစေသည့် အလှူတစ်မျိုးဖြစ်စေပါတယ်။

သိုသော် ယနေ့ခေတ်တွင် ပံ့သကူပစ်၍ လှူဒါန်းကြသည့် ပုံစံအချိုမှာ မူလဓလေ့၏ အနှစ်သာရနှင့် တဖြည်းဖြည်း ကွာဝေးလာသည်ကို တွေ့မြင်နေရပါတယ်။

လမ်းမကြီးများဘေးတွင် လူစုလူဝေးဖြင့် စောင့်ဆိုင်းနေကြခြင်း၊ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ သွားလာနေစဉ် လမ်းမပေါ်သို ပြေးဆင်း၍ အပြိုင်အဆိုင် ကောက်ယူကြခြင်းတိုသည် ယာဉ်အန္တရာယ်နှင့် အသက်အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ထိုပြင် အေးချမ်းကြည်နူးဖွယ်ရာ အလှူတစ်ခုမှ အပြိုင်အဆိုင် လုယူရသည့် ပုံစံမျိုးသို ပြောင်းလဲလာခြင်းသည် လက်ခံရရှိသူများ၏ လူ့ဂုဏ်သိက္ခာနှင့် ရိုးရာဓလေ့၏ တန်ဖိုးကိုပါ ထိခိုက်စေနိုင်ပါတယ်။

အလှူဒါနပြုခြင်းသည် ကောင်းမြတ်သော အစဉ်အလာတစ်ခုဖြစ်သော်လည်း လှူဒါန်းသည့် နည်းလမ်းမှာလည်း အရေးကြီးလှသည်။ ယာဉ်အန္တရာယ်ကင်းရှင်းသည့် နေရာများတွင် လှူဒါန်းခြင်း၊ လိုအပ်နေသူများထံ စနစ်တကျ ပေးကမ်းခြင်းနှင့် လက်ခံရရှိသူများ၏ ဂုဏ်သိက္ခာကို လေးစားသော နည်းလမ်းများဖြင့် လှူဒါန်းခြင်းတိုကို ပိုမိုကျင့်သုံးသင့် ပါတယ်။

အလှူရှင်၏ စေတနာသည် လက်ခံရရှိသူအတွက် ပျော်ရွှင်မှုနှင့် အကျိုးကျေးဇူးကိုသာ ဖြစ်စေသင့်ပြီး ဘေးအန္တရာယ်ကို မဖြစ်စေသင့်ပါ။

စေတနာကောင်းနဲ့ လှူဒါန်းကြပေမဲ့ အလှူခံရသူတွေအတွက် ဘေးကင်းလုံခြုံမှု ရှိစေဖိုနဲ့ ယဉ်ကျေးမှုဓလေ့ကိုလည်း ထိန်းသိမ်းနိုင်ဖို နည်းလမ်းကောင်းတွေ လိုအပ်နေပြီဆိုတာ ဒီအဖြစ်အပျက်တွေက ပြသနေပါတယ်။

ပံ့သကူပစ်ခြင်းဟူသည့် ချစ်စရာရိုးရာဓလေ့ကို ဆက်လက်ထိန်းသိမ်းကြရင်း ထိုဓလေ့၏ အရင်းခံဖြစ်သော မေတ္တာ၊ စေတနာနှင့် လူ့ဂုဏ်သိက္ခာကိုလည်း မပျောက်ပျက်စေရန် အလေးထားကြစေလိုပါတယ်။

Crd: Popular News

Leave a Reply

Your email address will not be published. Required fields are marked *