အမေရိကန်၊ ရုရှား၊ တရုတ်တို့ကလည်း ICJ, ICC ကို လက်မခံ

ဂမ်ဘီယာက စွဲထားတဲ့အမှုကို ICJ တရားရုံးက အပြီးသတ် အမိန့်ချလိုက်တာမှာ တရားရုံးရဲ့ အဓိကဆုံးဖြတ်ချက်က ရခိုင်မြောက်ပိုင်းကိစ္စမှာ Genocide စာချုပ်ပါ အချက်တွေကို ချိုးဖောက်တယ်လို မဲ ၉ မဲ၊ ၆ မဲနဲ့ ဆုံးဖြတ်ပြီး ၂၀၁၇ နယ်မြေရှင်းလင်းရေးကိစ္စတွေကို စုံစမ်းအရေးယူဖို၊ နောက်ထပ်မဖြစ်အောင် ဥပဒေပြဋ္ဌာန်းတားဆီးဖိုနဲ့ နစ်နာသူတွေကို ပြန်လည်ထူထောင်ပေးပြီး လျော်ကြေးပေးဖို ပမာဏကို တရားရုံးက နောက်မှသတ်မှတ်မယ်ဆိုပြီး မဲ ၁၀ မဲ၊ ၅ မဲနဲ့ ဆုံးဖြတ်လိုက်တာပါ။

ဒါပေမဲ့ နောက် ၂ နှစ်အတွင်း အစီရင်ခံစာ ပြန်တင်ရုံကလွဲလို ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ ကျန်တဲ့အချက်တွေ အကုန်လုံးကို တရားရုံးက ကန့်ကွက်သူမရှိ အကုန်ပယ်ချလိုက်ပါတယ်။

ပြောရရင်တော့ မြန်မာဘက်က လုံးဝကြီး ရှုးသွားတာမျိုး မဟုတ်ဘဲ နှစ်ဖက်စလုံး ကျေနပ်အောင် ဟိုဘက်ကိုလည်း မင်းတို ပိုက်ဆံရပြီ တော်တော့၊ ဒီဘက်ကိုလည်း မင်းတို မရှုးပါဘူး၊ ဒါပေမဲ့ လျော်ကြေးလေးတော့ ပေးလိုက်ပါဆိုတဲ့ သဘောမျိုးနဲ့ အဆုံးသတ်ပေးလိုက်တဲ့ အနေအထားပါပဲ။

တရားရုံးက ဂမ်ဘီယာနိုင်ငံဘက်ကတင်သွင်းတဲ့ မခိုင်လုံတဲ့ မျက်မြင်သက်သေတွေရဲ့ စွပ်စွဲပြောဆိုချက်တွေကို လက်ခံပြီး လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်လိုဆုံးဖြတ်လိုက်တာကိုတော့ စိတ်မကောင်းစရာတွေ့ရပါတယ်။

တရားရုံးက လူမျိုးတုံးသတ်ဖြတ်တယ်လိုဆုံးဖြတ်ပေမယ့် ကျူးလွန်သူ တွေကို ICC တရားရုံးကို လွှပြောင်းခိုင်းတာမျိုးမရှိဘဲ မြန်မာအစိုးရအစီအစဉ်နဲ့သာ လွတ်လပ်တဲ့ခုံရုံးဖွဲစည်းပြီး ဆက်လက်အရေးယူသွားဖို ဆုံးဖြတ်လိုက်တာ တွေ့ရပါတယ်။

ဒါ့အပြင် လက်ရှိ ICJ မှာ အမေရိကန်နိုင်ငံကိုယ်တိုင်က ဂါဇာစစ်ပွဲမှာ အစ္စရေးကို လက်နက်ထောက်ပံ့ပေးနေတဲ့ Genocide စာချုပ်ဆိုင်ရာ အမှုနဲ့ အီရန်ပိုင်ဆိုင်မှု သိမ်းဆည်းတဲ့ အမှုတွေကို ရင်ဆိုင်နေရသလို၊ အစ္စရေးကိုယ်တိုင်လည်း တရားစွဲခံထားရတာ ဖြစ်ပါတယ်။

တရားရုံးဆိုတာ ရှေ့ကအမှုရဲ့ စံနှုန်းကို နောက်အမှုတွေမှာ လိုက်သုံးရတာဖြစ်လို မြန်မာအမှုမှာ အပြင်းထန်ဆုံး အမိန့်တွေ ချလိုက်ရင် နောက်လာမယ့် အမေရိကန်နဲ့ အစ္စရေး အမှုတွေမှာ တရားရုံး အကျပ်ရိုက်သွားနိုင်သလို၊ နိုင်ငံငယ်ကိုကျ အပြင်းအထန် ဖိနှိပ်ပြီး နိုင်ငံကြီးကိုကျ လျှော့ပေါ့ပေးတယ်ဆိုပြီး မျက်နှာလိုက်တယ် အဝေဖန်မခံရအောင် ချိန်ဆပြီး ဂမ်ဘီယာနိုင်ငံရဲ့ အခြားတောင်းဆိုချက်တွေကို ပယ်ချခဲ့တာ တွေ့ရတဲ့အပြင် ဂမ်ဘီယာနိုင်ငံက အလိုလားဆုံးဖြစ်တဲ့ ဘင်္ဂါလီလူမျိုးတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို၊ ရိုဟင်ဂျာအမည် သတ်မှတ်ပေးဖိုအချက်တွေအပါအဝင် အခြားတောင်းဆိုချက်တွေကိုပယ်ချခဲ့ပါတယ်။

လျော်ကြေးငွေကိုလည်း တကယ်တမ်း ထိခိုက်နစ်နာခဲ့ရသူတွေ ဆီကိုသာ တိုက်ရိုက်ပေးဖို ဆုံးဖြတ်လိုက်တဲ့အတွက် ဒီအမှုကနေတစ်ဆင့် နောက်ကွယ်ကနေ အကျိုးအမြတ်တွေ အများကြီး မျှော်လင့်ထားတဲ့ ဂမ်ဘီယာနိုင်ငံအတွက်တော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွားပါတယ်။

ဒါ့အပြင် လျော်ကြေးပမာဏ ဘယ်လောက်ပေးရမလဲ၊ ဘယ်လိုနည်းလမ်းနဲ့ ဘယ်သူတွေဆီ ဘယ်လိုပေးရမလဲ ဆိုတာကိုလည်း ဂမ်ဘီယာဘက်က စိတ်ကြိုက်သတ်မှတ်ခွင့် မရှိဘဲ ICJ တရားရုံးကပဲ နောက်ပိုင်းမှာ သီးခြားထပ်မံ ဆုံးဖြတ်ပေးသွားမှာ ဖြစ်တယ်ဆိုတာကိုလည်းတွေ့ရပါတယ်။

အောင်ရှင်း

Leave a Reply

Your email address will not be published. Required fields are marked *