
အကြမ်းဖက် NUG အဖွဲဟာ သူတိုအခေါ် နွေဦးတော်လှန်ရေး ၅ နှစ်ကျော်လာချိန်မှာ အဘက်ဘက်က ကျရှုးလာပြီး စစ်ရေးအရရှုးနိမ့်မှု၊ နိုင်ငံရေးအရ အသိအမှတ်ပြုမခံရမှုနဲ့ ပြည်သူလူထုရဲ့ ထောက်ခံအားပေး စိတ်ဝင်စားမှုများ လျော့နည်းကျဆင်းလာနေတာ အားလုံးအသိဖြစ်ပါတယ်။
အထူးသဖြင့်တော့ တော်လှန်ရေးရန်ပုံငွေအကြောင်းပြ ငွေကြေးလိမ်လည်အလွဲသုံးစားမှု များမှာ ဖုံးကွယ်လိုမရတော့ဘဲ NUG ဝန်ကြီးဆိုသူများ၊ ပန်ဆယ်လိုတိုလို သူခိုးအကြီးစား ထောက်ပိုများ၊ အောက်ခြေမှာ လက်နက်အားကိုး ကိုယ်ကျိုးစီးပွားရှာသူများကြောင့် ပြည်သူအများက ရွံရှာမုန်းတီးမှုများ ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။
စစ်ရေးဖော်ဆောင်မှုမှာလည်း တိုင်းရင်းသားလက်နက်ကိုင် EAOs များရဲ့ လက်အောက်ခံ အဖွဲလိုဖြစ်ခဲ့ရပြီး အသုံးချခံ PDF လူငယ်များဟာ EAOs များရဲ့ နယ်မြေချဲ့ထွင်ရေးမှာ ဓားစားခံ သက်သက်ဖြစ်ပြီး ထိခိုက်ဆုံးရှုးမှု များပြားနေပါတယ်။
နိုင်ငံရေးအရ အသိအမှတ်ပြုမှုမှာလည်း ပြည်ပကနေ တရားဝင်ထောက်ခံအားပေး အသိအမှတ်ပြုမှု လုံးဝမရရှိသလို “ငါနဲ့မတူ၊ ငါ့ရန်သူ” အယူအဆနဲ့ အပြစ်မဲ့ပြည်သူများကို လုပ်ကြံ သတ်ဖြတ်မှုများကြောင့် ပြည်တွင်းထောက်ခံအားပေးမှုလျော့နည်းလာခဲ့တာ ငြင်းမရတဲ့ အမှန်တရား ဖြစ်ပါတယ်။
ဒါကြောင့် NUG/CRPH အဖွဲဝင်ဆိုတဲ့ အစွန်းရောက်နိုင်ငံရေးသမားများအမည်ခံ ပြည်ပမှာ ပုန်းရှောင်နေတဲ့ဝရမ်းပြေးများက NUG ကို အသွင်ပြောင်းပြီး K3C ဖြစ်တဲ့ KNU ၊ KNPP ၊ KIA၊ CNF တိုလို EAOs အဖွဲများနဲ့ပူးပေါင်းပြီး SCEF ဆိုတဲ့အဖွဲကို ဖွဲစည်းလှုပ်ရှားလာပါတယ်။
SCEF အဖွဲဟာ ဈေးသည်စကားနဲ့ပြောရရင် လူကြိုက်မများတော့တဲ့ NUG ကုန်အမှတ် တံဆိပ်ကို တံဆိပ်အသစ် SCEF အဖြစ် အသွင်ပြောင်းပြီး ဈေးကွက်ထဲ တင်သွင်းလာခြင်းဖြစ် ပါတယ်။ အနှစ်သာရ နဲ့ လုပ်နည်းလုပ်ဟန်က NUG သာဖြစ်ပြီး EAOs အဖွဲတွေကို ချုပ်ကိုင်နိုင်ဖို ဖက်ဒရယ်ဒီမိုကရေစီမျက်နှာဖုံးနဲ့ နိုင်ငံရေးသမား အသွင်ယူလုပ်ဆောင်လာခြင်းဖြစ်ပါတယ်။
ဒါကြောင့်လည်း SCEF အဖွဲအနေဖြင့် နိုင်ငံတကာမှာ လူရာဝင်အောင် အလွတ်သဘော ဆွေးနွေးပွဲများ၊ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲအစည်းများ၊ အချိုသော ဒီမိုကရေစီနိုင်ငံများက လွှတ်တော်အမတ်များနဲ့ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နေခြင်းဖြစ်ပါတယ်။
လတ်တလော နိုဝင်ဘာ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ Paris Peace Forum မှာ SCEF အဖွဲဝင် ဇင်မာအောင် က သူတိုရဲ့ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုပေးဖိုတောင်းဆိုခဲ့သလို သူတိုရဲ့လှုပ်ရှားမှုများကို အာရုံစိုက်မှုရရှိဖို လုပ်ဆောင်ခဲ့ ပါတယ်။
ပြည်တွင်းမှာ NUG လက်အောက်ခံ PDF များက အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေမှုကို အရေးယူမယ့်ယန္တရားနဲ့ တိုင်ကြားဖိုလမ်းကြောင်း ဖွင့်ပေးထားကြောင်း ပြောကြားချက်ဟာ သူတိုရဲ့ အကြမ်းဖက်လုပ်ရပ်များကို ဝန်ခံလိုက်ခြင်းပဲဖြစ်ပါတယ်။
အောက်ခံတီရှပ်အင်္ကျီပေါ်မှာ အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့ ဇင်မာအောင်ကို ပွဲစီစဉ် သူများက မည်သူမဆိုတက်ရောက်ခွင့်ပြုတဲ့ လေ့လာသူအနေဖြင့် ပလတ်စတစ်ထိုင်ခုံတန်းမှာသာ နေရာချထားပေမယ့် လူရာဝင်ချင်တဲ့ NUG အဖွဲကတော့ နိုင်ငံတကာ Forum ကြီးမှာ တရားဝင် ဖိတ်ကြားခံရသလိုမျိုး ပြည်တွင်းမှာ သတင်းဖြန့်ချိလျက်ရှိပါတယ်။
အဘက်ဘက်က ယိုယွင်းပျက်စီးလာနေတဲ့ NUG အဖွဲဟာ သူတိုအဖွဲအချင်းချင်း၊ ထောက်ခံ အားပေးသူအချင်းချင်း အပြန်အလှန် စွပ်စွဲပုတ်ခတ်နေရတဲ့ နိုင်ငံရေးရေချိန် မပြည့်ဝမှု၊ ကိုယ်ကျိုး စီးပွားရှေ့တန်းတင်မှုနဲ့ လွဲမှားတဲ့ အကြမ်းဖက်အားပေးမူဝါဒများအရ ပြည်တွင်း၊ ပြည်ပမှာ ရပ်တည်လှုပ်ရှားနိုင်မှု အားလျော့နေတာကို မြင်တွေ့နေရပြီဖြစ်ပါတယ်။
ခင်ညိုချော
