အိမ်တွင်းပြုလုပ်နိုင်သော သက်သာစေသည့် နည်းလမ်းများ
- ကိုယ်ဟန်အနေအထား မှန်ကန်စေခြင်း: ထိုင်သည့်အခါ ခါးကို မတ်မတ်ထိုင်ပြီး၊ ခါးလိမ်ခြင်း သို့မဟုတ် ခါးစောင်းပြီး ထိုင်ခြင်းကို ရှောင်ကြဉ်ပါ။
- အနားယူခြင်းနှင့် အိပ်စက်သည့် ပုံစံ:
- ဘေးစောင်းအိပ်ပါက ဒူးနှစ်ခုကြားတွင် ခေါင်းအုံးညှပ်အိပ်ပါ။
- ပက်လက်အိပ်ပါက ဒူးအောက်တွင် ခေါင်းအုံးခံ၍ အိပ်စက်ပါ။
- အိပ်ရာထဲတွင် အလွန်အမင်း အကြာကြီး (၂ ရက်ထက်ပို၍) လှဲနေခြင်းက ခါးနာခြင်းကို ပိုဆိုးစေနိုင်သဖြင့် မလိုအပ်ဘဲ အချိန်ကြာကြီး လှဲမနေသင့်ပါ။
- ရေနွေး သို့မဟုတ် ရေခဲကပ်ခြင်း: နာကျင်မှုအပေါ် မူတည်ပြီး ရေနွေးစိမ်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်း သို့မဟုတ် ရေခဲအိတ်ကပ်ခြင်းတို့ ပြုလုပ်ပေးနိုင်သည်။ ခါးနာတဲ့နေရာကို ရေခဲအိတ်ကပ်တာက ထိခိုက်မှုကြောင့် ရောင်ရမ်းတာကို အဓိကသက်သာစေပြီး နာကျင်မှုကိုလည်း လျော့စေပါတယ်။ တဘက်စ ပါးပါးလေးထဲမှာ သို့မဟုတ် အိတ်တစ်ခုထဲမှာ ရေခဲတုံးလေးတွေ ထည့်လို့ တစ်ခါ ကပ်ရင် မိနစ် ကနေ ၃၀ လောက် တစ်နေ့ကို အကြိမ်ရေ များစွာကပ်ပေးလို့ ရပါတယ်။ ခါး စစနာခြင်းမှာ ရေခဲကပ်တာက ပိုထိရောက်မှု ရှိပါတယ်။ ရေခဲကပ်ရမှာ အလုပ်ရှုပ်တယ်ဆိုတဲ့ သူတွေအတွက် ပရုတ်အေးပါတဲ့ ပလာစတာကို ကပ်ပေးပါ။ သူကလည်း အေးတဲ့အတွက် အလားတူ ထိရောက်မှု ရှိပါတယ်။ အချိန် အတော်ကြာထိ မသက်သာတဲ့ ခါးနာခြင်းကို သက်သာစေဖို့အတွက် ရေနွေးအိတ် ကပ်ပေးလို့ရပါတယ်။ ရေနွေးအိတ် ဒါမှမဟုတ် ရေနွေးဝတ်ကို ခါးနာတဲ့နေရာမှာ ကပ်ပေးတာက ထိခိုက်မိတဲ့နေရာကို သွေးစီးဆင်းမှု ကောင်းစေသလို ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါတယ်။ ရေနွေးနွေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။ အပူလောင်တာနဲ့ အရေပြား တစ်ရှူးတွေ ထိခိုက်ပျက်စီးမှု ကင်းစေဖို့ အရမ်းပူတာကို မကပ်ဖို့နဲ့ ရေနွေးအိတ်ကပ်ရင်း အိပ်မပျော်သွားစေဖို့ သတိထားစေချင်ပါတယ်။
- ဒဏ်ကြေဆေးများ အသုံးပြုခြင်း: ဒဏ်ကြေဆေးလိမ်းခြင်း သို့မဟုတ် ဆေးပလာစတာကပ်ခြင်းတို့ ပြုလုပ်နိုင်သည်။ ခါးနာတာကို သက်သာစေဖို့ လုပ်လို့ရတဲ့ နောက်ထပ် နည်းလမ်း တစ်ခု ရှိပါတယ်။ ဒါကတော့ အကိုက်အခဲ ပျောက်ပလာစတာ ကပ်တာပါ။ ပရုတ်အေးနဲ့ လုပ်ထားတဲ့ ပလာစတာကို ကပ်မယ်ဆိုရင် အေးမြမှုကို ခံစားရမှုနဲ့အတူ သွေးစီးဆင်းမှု ကောင်းမွန်တာကြောင့် ခါးတစ်ဝိုက်က ကြွက်သားတွေကို ပြေလျော့ အရောင်ကျစေပြီး ခါးနာတာကို သက်သာစေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးကြောက်လို့ အကိုက်အခဲပျောက်ဆေးတွေ မသောက်ချင်ဘူးဆိုတဲ့ လူတွေအတွက်ဆိုရင် ဒါက အကောင်းဆုံးနည်းလမ်းပါပဲ။ ပလာစတာရွေးတဲ့အခါ လေဝင်လေထွက်ကောင်းစေဖို့ အရေးကြီးပါတယ်။ ကပ်အားကောင်းတဲ့ ပလာစတာဖြစ်ဖို့လည်းလိုပါတယ်။ ဒါမှ အရေပြားလောင်တာ ကင်းပြီး နာကျင်မှုကို ထိထိရောက်ရောက် သက်သာစေမှာပါ။
- မပြင်းထန်သော လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်း: လမ်းလျှောက်ခြင်း၊ ရေကူးခြင်း သို့မဟုတ် ခါးအတွက် သင့်တော်သော ညင်သာသည့် အကြောဆန့်လေ့ကျင့်ခန်းများနှင့် ယောဂလေ့ကျင့်ခန်းများ ပြုလုပ်ပေးသင့်သည် (သို့သော် နာကျင်မှုပြင်းထန်နေချိန်တွင် အလွန်အမင်း မလုပ်သင့်ပါ)။
- ရှောင်ကြဉ်ရမည့် အချက်များ
- တူညီသော ကိုယ်ဟန်အနေအထားဖြင့် နာရီပေါင်းများစွာ ဆက်တိုက်ထိုင်ခြင်း သို့မဟုတ် ရပ်ခြင်း။
- အလေးအပင်မခြင်းနှင့် ခါးကို ကုန်းကွပြီး အလုပ်လုပ်ခြင်း။
- လေအေးပေးစက် သို့မဟုတ် ပန်ကာလေကို တိုက်ရိုက်ထိခိုက်ပြီး အအေးပတ်ခြင်း။
- မိမိသဘောဖြင့် အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ သောက်သုံးခြင်း။
ရှောင်ကြဉ်ရမည့် အချက်များ
- တူညီသော ကိုယ်ဟန်အနေအထားဖြင့် နာရီပေါင်းများစွာ ဆက်တိုက်ထိုင်ခြင်း သို့မဟုတ် ရပ်ခြင်း။
- အလေးအပင်မခြင်းနှင့် ခါးကို ကုန်းကွပြီး အလုပ်လုပ်ခြင်း။
- လေအေးပေးစက် သို့မဟုတ် ပန်ကာလေကို တိုက်ရိုက်ထိခိုက်ပြီး အအေးပတ်ခြင်း။
- မိမိသဘောဖြင့် အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ သောက်သုံးခြင်း။
ဆရာဝန်နှင့် ပြသရန် လိုအပ်သော အခြေအနေများ
- ခါးနာတာက ခြေထောက်ဘက်ကို ဖြာထွက်ပြီး နာကျင်ခြင်း၊ ထုံကျင်ခြင်း။
- ခြေထောက်များ ပုံမှန်မလှုပ်ရှားနိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းစွာ မလျှောက်နိုင်ခြင်း။
- အိမ်တွင်းကုထုံးများဖြင့် ကုသသော်လည်း ၂ ပတ်ထက် ပိုမကြာမီ မသက်သာဘဲ ပိုဆိုးလာပါက နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် အရိုးအကြောအထူးကု ဆရာဝန်များနှင့် တိုင်ပင်ပြသသင့်ပါသည်။
