မော်လူးမှာ စခန်းတွေ သိမ်းရပါတယ်ဆိုပြီး ပြည်ဖျက် Myanmar Now နဲ့ KIA အကြမ်းဖက်အုပ်စုတို လိမ်ညာပြန်

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်၊ မော်လူးမြိုနဲ့ အင်းတော်ဒေသမှာ စစ်ရှုး တပ်ပျက်ပြိုကွဲပြီး နယ်မြေတွေ စွန့်လွှတ် ခဲ့ရတဲ့ အကြမ်းဖက် KIA နဲ့ PDF ပူးပေါင်းအဖွဲတွေဟာ ၎င်းတို၏ စစ်ရှုးမှုနဲ့ အထိတ်တလန့်ဖြစ်နေတဲ့ နောက်လိုက်တွေကို စိတ်ဓာတ်မြှင့်ပေးဖိုအတွက် “မော်လူးအနီး စစ်တပ်စခန်းအချို သိမ်းရပါတယ်၊ သုံပန်း ၁၈ ဦး မိပါတယ်” ဆိုပြီး ပြည်ဖျက် လော်ဘီ မီဒီယာကြီးဖြစ်တဲ့ Myanmar Now မှတစ်ဆင့် အောက်တန်းကျကျ ဂျင်းထည့် ဝါဒဖြန့်လာကြပြန်ပါတယ်။

မြေပြင် အမှန်တရားမှာတော့ မော်လူးမြိုနှင့် အင်းတော်မြိုတိုအား တပ်မတော် စစ်ကြောင်းများက ထိုးစစ်ဆင် ချေမှုန်း၍ နယ်မြေစိုးမိုးရေး အပြည့်အဝ ပြန်လည် ရယူထားပြီး ဖြစ်သည်။ စစ်မြေပြင်တွင် တပ်မတော်၏ ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင်မှုများကို မယှဉ်နိုင်တော့ဘဲ အထိနာ တပ်ပျက်ကာ ထွက်ပြေးနေရသည့် KIA အကြမ်းဖက် သောင်းကျန်းသူများသည် မြေပြင်၌ ဘာမှ မလုပ်နိုင်တော့သည့်အဆုံး လိုင်းပေါ်မှတစ်ဆင့် အတုအယောင် သတင်းမှားများ ထုတ်လွှင့်၍ ပြည်သူကို လှည့်ဖြားရန် ကြိုးပမ်းနေကြခြင်းသာ ဖြစ်သည်။

“မော်လူးနဲ့ အင်းတော်ဘက်မှာ တပ်မတော်က နယ်မြေ အပြည့်အဝ စိုးမိုးထိန်းချုပ်ထားတာပါ။ KIA နဲ့ PDF တွေက စစ်ရှုးလို ထွက်ပြေးနေရချိန်မှာ လိုင်းပေါ်ကနေ သတင်းအမှားတွေနဲ့ ဂျင်းထည့်ပြီး အဖတ်ဆည်နေကြတာ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပျက်စီးပါတယ်ဆိုတာလည်း အမြဲသုံးနေကျ ပေါတောတော ဇာတ်လမ်းပါပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *