“LiFi” ဆိုတာ ဘာလဲ?? ဘယ်လဲ??
LiFi ဆိုတာကတော့ ကြိုးမဲ့နည်းပညာရပ် တစ်ခုပါ
LiFi ရဲ့ အဓိက အားသာချက်ကတော့ များပြားလှသော Gagabits တွေကို network ပေါ်မှာ ထုတ်လွှင့်နိုင်တဲ့အပြင် LiFi technology ဟာ Radio technology ထက် security ပိုင်းဆိုင်ရာ ပိုပြီးမြင့်တဲ့ technology တစ်ရပ်ဖြစ်ပါတယ်
Radio technology ဆိုတာကတော့ Wifi (or) cellular နည်းပညာ ကိုခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်
Radio frequency technology သည် radio circuit, antennas နှင့် တခြားသော ရှုပ်ထွေးသော devices များလိုအပ်သော်လည်း LiFi စနစ်ကတော့ အရမ်းကိုရိုးရှင်းပါတယ်
LiFi ရဲ့ အဓိကလိုအပ်ချက်ဟာ LED light bulb ဖြစ်ပြီး LiFi bulb ၏ ပြင်းအားများလေလေ data rate ပမာဏ များများရလေပဲ ဖြစ်ပါတယ်
အလင်းရဲ့ အမြန်နှုန်းဟာ အမြန်ဆုံးဖြစ်တဲ့အတွက် wireless နည်းပညာခြင်း အတူတူဖြစ်ပေမယ့်လည်း data ထုတ်လွှင့်မှုပိုင်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် LiFi ဟာ WiFiထက် ထုတ်လွှင့်မှုနှုန်း ပိုမိုမြင့်မားပါတယ်
