မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီအန်နဝါဘင်အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီအန်နဝါဘင်အီဘရာဟင်တို့သည် ယနေ့အောက်တိုဘာ ၈ ရက်နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ မလေးရှားဝန်ကြီးချုပ်ရုံး၌ ပြုလုပ်သည့် နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

