၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် နွားထိုးကြီးမြို့၏ အနောက်မြောက်ဘက်ရှိ ပဲကြီးခင်းကျေးရွာဘက်သို လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ရှင်းလင်းမှုအတွင်း မိုင်းနှင့် Drop Bomb များ ထုတ်လုပ်ရာနေရာတစ်ခုအပြင် ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။
သိမ်းဆည်းရမိပစ္စည်းများမှာ
မီးစက်ကြီး ၂ လုံး
4-Wheel ကား ၁ စီး
ဆိုင်ကယ် ၁ စီး
လက်လုပ် Drop Bomb သီး ၈ လုံး
ကျောက်စက် ၅ လုံး
တဲ ၄ လုံး
မိုင်းနှင့် Drop Bomb ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း သိရပါသည်။
အဆိုပါ သိမ်းဆည်းရမိပစ္စည်းများကို ဖျက်ဆီးရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရပါသည်။








